Part-21(zaw+uni)

2K 180 11
                                    

(Warning! ပေးပါတယ်နော်
စိတ်တွေဆိုးကုန်ကြပါပြီ🙉)

ကိုကို့ကိုဖက်ထားတဲ့ ဂရေစ့်ဆိုသောအမျိုးသမီးအား
ကိုကိုက စက္ကန့်ပိုင်းလောက်သာဖက်ပြီးလက်ဖြင့်
အသာတွန်းဖယ်ကာ သူ့အား အားနာသလို
မျက်လုံးများဖြင့်ကြည့်လာသည်။

ကိုကိုဘာပြောချင်နေလဲဆိုတာသူသိသည်။ကိုကိုက
သူ့အထင်လွဲသွားမှာစိုးရိမ်နေသည်ပုံပင်။ သူကိုကို့ကို
အဆင်ပြေပါတယ်ဆိုသည့်အပြုံးမျိုးဖြင့်ပြုံးပြလိုက်၏။
သေချာပေါက်ရင်ထဲမှာတော့အဆင်မပြေပါ။
ကိုယ့်အမျိုးသားကို ကိုယ့်ရှေ့မှာတစိမ်းမိန်းမတစ်ယောက်က
ဖက်လိုက်တာ သူ့နေရာမှာတခြားသူဆိုလည်းအဆင်ပြေမည်မထင်။
သို့သော် သူကိုကို့ကိုယုံသည်။ ခုချိန်ထိကိုကိုက
သူ့တစ်ယောက်တည်းကိုပဲကြည့်လာတာမလို့
ကိုယ်အရင်က ကိုကို့အပေါ်မှားခဲ့တဲ့အမှားတွေက
တစ်ခါတစ်ရံ စိုးမိုးနေတတ်ကာ ကိုကို့အပေါ်
ပေါ်ပေါ်တင်တင်လည်းသူသဝန်မတိုရဲပါကိုကိုငြိုငြင်မှာ
သူသိပ်ကြောက်သည်။

ကိုကိုကသူပြုံးပြလိုက်မှစိတ်သက်သာရာ ရသွားသလို
ဘေးနားမှာရှိတဲ့သူ့ကို ပခုံးကနေဆွဲဖက် ကာ ရင်ခွင်ထဲ
ဆွဲသွင်းလိုက်ပြီး

"Grace ကိုမိတ်ဆက်ပေးရအုံးမယ်
ဒါကိုယ့်အမျိုးသား Park jiminတဲ့
အာ အခုတော့Jeon jimin ပေါ့"

ကိုကိုကသူ့အားပြုံးပြုံးကြီးကြည့်ကာ သူ့ဆံပင်တွေကိုတစ်ချက်ငုံ့နမ်းသည်။
ယူရီနဲ့ဂရေစ့်မျက်နှာလည်းတစ်ချက်ပျက်သွားသည်။
ရှက်တော့ရှက်ပေးမယ့်သူကျေနပ်မိသည်။
ကိုကို့အတွက်သူက အရေးပါသူတစ်ဦးဆိုတာ
အများရှေ့မှာပြသ ခံလိုက်ရသလိုပဲ ဝမ်းသာပီတိဖြစ်မိသည်။

"နှုတ်ဆက်လိုက်အုံး လေ ကလေး သူက Graceတဲ့
LAမှာကျောင်းအတူတူတက်ခဲ့တာလေ "

jiminဂရေစ့်ဆိုသူကို ကြည့်ကာတစ်ချက်ပြုံးပြလိုက်သည်။
Graceကလည်းသူ့ကိုပြန်ပြုံးပြလာသည်။ ယူရီကတော့
မှုန်တေတေဖြင့်ကြည့်သည် သိပ်ကြည်ပုံမရ။

"မင်္ဂလာ ပါ ပတ်ဂျီမင်ပါ"

"တွေ့ရတာ ဝမ်းသာပါတယ် Graceပါ
jiminက အလှလေးပဲ Jeon တို့ကိုထားသွားတာ
မဆန်းတော့ပါဘူး "

So This is LOVE💛💐{Completed}Where stories live. Discover now