Part-4(uni)

3.4K 314 3
                                    

ရောင်နီသန်းလာတဲ့နေမင်းနှင့်အတူ ကျေးငှက်ကလေးများကလည် းချစ်တေးသံများ
တွန်ကျူးလျက် ခပ်ခပ်ဟဟဖွင့်ထားသောပြတင်းပေါက်ဝမှ
ဝင်လာသောလေပြေနွေးနွေးလေးကြောင့်အဝါရောင်
လိုက်ကာစများသည်တစ်လွင့်လွင့် ။

နေရောင်ခြည်နွေးနွေးသည် ပြတင်းတံခါးမှတစ်ဆင့်
အိပ်ရာပေါ်ရှိအိပ်မောကြနေသောချစ်ငှက်ကလေး
နှစ်ယောက်၏မျက်နှာပေါ်သို့ဖြာကျနေသည်။

jimin အိပ်နေရင်းမှခေါင်းပေါ်မှခပ်နွေးနွေးလေထုကိုခံစား
ရတာကြောင့်မျက်လုံးများကိုလပ်ကလေးဖြင့်အသာပွတ်ကာ
ခေါင်းလေးမော့ကြည့်လိုက်သည့်အခါ အိပ်မောကြနေသည့်
ခပ်ချောချောမျက်နှာကိုမြင်လိုက်ရတာကြောင့်
အနည်းငယ်အံသြ သွားမိသည်။
ကိုယ့်ခေါင်းကသူ့လက်မောင်းတစ်ဖက်ကိုခေါင်းအုံးပြီးအိပ်ထားတာ သူ့ခါးကိုလည်းသန်မာသောလက်တစ်ဖက်နဲ့သိမ်းကျုံးပြီး
ဖက္ထားပုံကာ အိပ်နေရင်းပျောက်သွားမှာဆိုသည်အလား။

ကိုယ်ကသူ့ကိုပြန်ဖက်ထားလိုက်သေးသည်။
ဟင် ခုအပြန်အလှန်ဖက်အိပ်နေကြတာလား။
ခါတိုင်းဒီလိုအိပ်တာမှမဟုတ်တာ အလယ်မှာဖက်လုံးထားပြီးအိပ်တာကို၊
ဘေးကိုခေါင်းလှည့်ပြီးကြည့်လိုက်တော့သူကကိုယ့်ဘက်
စည်းကျော်နေတာမဟုတ်ဘဲ ကိုယ်ကသူ့ဘက်စည်းကျော်နေတာဖြစ်သည်။
အလယ်ကစည်းတားထားတဲ့ဖက်လုံးကလည်းမိမိရှိတဲ့
ဟိုဘက်ဖက်ကြမ်းပြင်မှာပြုတ်ကျနေသေးတာ။

သွားပါပြီအဲ့လောက်အအိပ်ကြမ်းကရသလားပတ်ဂျီမင်း။

ခေါင်းကိုအနည်းငယ်ေနာက္ဆုတ္ပြီးအိပ်ပျော်နေတဲ့သူကို
ပြန်မော့ကြည့်လိုက်တော့ ပထမဆုံးတွေ့လိုက်ရတာ
နှုတ်ခမ်းပါးလေးအောက်ကမဲ့နက်ကလေး။
နှာခေါင်းချွန်ချွန်၊မျက်တောငိရှည်ရှည်လေးတွေနဲ့အတော်
ချောတဲ့ယောကျာ်း ။ အိပ်နေတုန်းဘဲချောတယ်။
နိုးလာရင်ပွစိပွစိနဲ့ အဖိုးကြီးကျလို့။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်ပြီး နှုတ်ခမ်းဘေးနားမှာ
ဖောက်ထားသောအလုံးလေးနှစ်လုံးကို ကိုင်ကြည့်ချင်စိတ်
ဖြစ်လာတာကြောင့်ကိုင်ဖို့လက်လှမ်းလိုက်သည်။
တကယ်ပဲမနာဘူးလားမသိဘူး။ဒီလိုအပေါက်တွေဖောက်ရတာ
တော်တော်ဝါသနာပါတဲ့လူကြီး။

So This is LOVE💛💐{Completed}Donde viven las historias. Descúbrelo ahora