For Unicode
အလုပ်ပြီးလို့ နေ့လည်စာစားချိန်တွင် နေ့လည်စာကို ခပ်သွက်သွက်စားကာ ထုံးစံအတိုင်း နေကြာခင်းနဲ့ချယ်ရီပင်ကြီးဆီသို့ ကျွန်တော့်ခြေလှမ်းတွေဦးတည်ခဲ့သည်။ကျွန်တော့်နေကြာလေးကိုသတိရသည့်အတွက် နေကြာပန်းတွေအနားမှာ သူပေးခဲ့သည့်လက်ဆောင်လေးကိုကိုင်လျက်ထိုင်နေစဉ် နောက်ပါးဆီမှ ကြားလိုက်ရသည့် လေသံဖျော့ဖျော့ကြောင့် ကျွန်တော့်အသွေးအသားတွေ အေးခဲသွားသလားတောင်ထင်မှတ်လိုက်ရသည်။
"Tae"
စိတ်ကိုငြိမ်ငြိမ်ထားလျက် မတ်တပ်ရပ်ကာလှည့်ကြည့်လိုက်သည့်အချိန်တွင် ကျွန်တော်အမြဲလွမ်းမောခဲ့ရတဲ့ တစ်စုံတစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။
ပြန်လည်ဆုံတွေ့ရသည့် ဤအခိုက်အတန့်ကြောင့် ကျွန်တော့်ရင်ထဲ ပန်းခင်းကြီးတွေပွင့်လန်းလာသလိုပင် ကြည်နူးပျော်ရွှင်ရသည်။
မျှော်လင့်ခဲ့ရသည့်၊စိတ်ကူးယဉ်ခဲ့ရသည့်နေ့လေးက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီပေါ့။
ဒါကထပ်ပြီး အိပ်မက်တစ်ခုပင်ဖြစ်နေမည်ဆိုလျှင်တော့ ကျွန်တော်ရူးသွားလောက်မည်။
သို့သော် ကျွန်တော့်မျက်စိရှေ့တွင်ရှိနေသည့်သူဟာ သေချာပေါက် ကျွန်တော့်ချစ်သူပင်၊သေချာပေါက်။
မင်းပြန်လာခဲ့ပြီပဲ။
ကျွန်တော်သိပ်ကိုပျော်ရွှင်ရပါသည်။သို့သော် မအံ့ဩပါ။
ကျွန်တော်သူ့ကိုယုံတယ်။ကျွန်တော့်ရဲ့ Jinကို ယုံတယ်။သူကျွန်တော့်ကို ပြန်လာခဲ့ပါမယ်ဆိုပြီး ကတိပေးခဲ့တာမလို့ အခုသူကျွန်တော့်ဆီပြန်လာပြီဆိုတာ ကျွန်တော် တပ်အပ်သိတယ်။
ပြောမပြတတ်လောက်အောင်ပျော်ရွှင်နေပြီဖြစ်ပေမဲ့ သူမရှိတော့သည့်နှစ်တွေအတွင်း အသက်မဲ့နေခဲ့သော ကျွန်တော့်စိတ်ဝိညာဉ်နှင့်အပြုံးတွေကြောင့် ပျော်ရွှင်မှုကိုဖော်ပြဖို့တော့ မလွယ်ကူခဲ့ပါ။
ရက်ပေါင်း၁၀၀၀ကျော်စောင့်စားခဲ့ရပေမဲ့ နောက်ဆုံးတော့ မင်းနဲ့ပြန်ဆုံတွေ့ရပြီမလို့ နာကျင်ခဲ့ရတာတွေက တန်ပါတယ်။ငါကျေနပ်တယ် Jin။
ВЫ ЧИТАЕТЕ
ငယ်ချစ်ပုံပြင်(Season2){Completed}
Любовные романыဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ Season 2 Started date-8.12.2021 End date-24.6.2022 OTP-TAEJIN
