Part...5

353 51 27
                                        

For Unicode

Fresher welcomeအတွက် ပြင်ဆင်နေကြသည်မှာ အတန်းတိုင်း၊အခန်းတိုင်းလိုလိုပင်။သူတို့နှစ်ယောက်ကတော့ အေးအေးဆေးဆေးသာ။ဘာပွဲမှ ပါမထားသလို၊ဘာမှလည်းမလုပ်ချင်။

သူတို့မေဂျာက Couple show လျှောက်ဖို့ရှိသည်။စီစဉ်စက မိန်းကလေးတွေကြားနာမည်ကြီးတဲ့ သူတို့နှစ်ယောက်ကိုပါ အတင်းအကြပ်ပြောပြီး ပါခိုင်းကြပေမဲ့ သူတို့ကတော့မပါချင်။

အဓိကကတော့ Tae hyungပင်။Tae hyungက လူတွေနဲ့ရှုပ်ရှုပ်ယှက်ယှက်နေရတာမျိုးကို သဘောမကျတာကြောင့် Jinလည်း ပွဲမှာမပါဖြစ်။

"သူတို့ပွဲအတွက် တော်တော်ကြိုးစားနေကြတယ်နော်...စာသာ စိတ်မဝင်စားကြတာ"

"ဟားဟား...Taeကလည်းကွာ ပြောလိုက်ရင် အားကြီးနဲ့"

သူရယ်မောရင်း ထိုသို့ပြောလို်က်တော့ Taeက မဲ့ပြသည်။

"အမေက မနက်ဖြန်ပိတ်ရက်ကျ အိမ်ပြန်လာမယ်မလားတဲ့ "

"ဒါပေါ့ သွားရမှာပေါ့...ယောက္ခမတွေဆီမျက်နှာရအောင် လုပ်ထားရမယ်လေ"

ပြီတီတီလုပ်နေတဲ့ Taeရဲ့ လက်မောင်းကို သူလက်သီးနဲ့ခပ်ဖွဖွထိုးလိုက်သည်။
ဒါတောင် အပြုံးမပျက် ရယ်မောနေပြန်တဲ့ Tae။

လေးထောင့်ဆန်တဲ့ အပြုံးတွေက ကျွန်တော့်ကမ္ဘာကြီးဆီမှသာ ဖြစ်ပေါ်သည်။
ထိုအပြုံးတွေကသာ ကျွန်တော့်ရဲ့ ပျော်ရွှင်ရာ။

_____________________________

"Seok jinနဲ့ Tae Hyungမင်းတို့အလှည့်ရောက်တော့မယ်နော်။Tae hyungတို့က Seok jinတို့ ကော်ဇောနီနားရောက်တာနဲ့ လိုက်ထွက်ခဲ့​ေတာ့"

ECရဲ့ထိုစကားကြားသည်နှင့် Tae hyungမျက်နှာမှာ ပိုပိုကာတည်တင်းလာသည်။

လွန်ခဲ့တဲ့နှစ်ပတ်က သူတို့မေဂျာက ကျောင်းသားတစ်ယောက် အပြင်လူတွေနဲ့ရန်ဖြစ်ရင်း ခြေထောက်ကျိုးသွားသည်။
ထိုကျောင်းသားက Showလျှောက်မဲ့အဖွဲ့ထဲကဖြစ်လို့ ထိုကျောင်းသားနေရာတွင် အစားထိုးဖို့လူတစ်ယောက်လိုနေခဲ့တာ။

သူတို့အတန်တန်ငြင်းထားတဲ့ ကြားထဲက ဆရာ့ကိုပါခေါ်ပြီး သူတို့ကိုပါဖို့ လာတောင်းပန်တဲ့ ECကိုသာ Tae hyung ထိုးပစ်လိုက်ချင်တော့သည်။သူတို့ကိုခေါ်တယ်ဆိုတာထက် Jinကိုခေါ်တယ်ဆို ပိုမှန်မည်။လူတစ်ယောက်ပဲလိုတာဖြစ်လို့ သဘောကောင်းတဲ့ Jinကိုသာ အတင်းခေါ်နေတော့တာ။

ငယ်ချစ်ပုံပြင်(Season2){Completed}Onde histórias criam vida. Descubra agora