For Unicode
ရှက်ပြီး အိပ်ယာထဲဝင်အိပ်နေတဲ့ကောင်လေးက တကယ်အိပ်ပျော်သွားတာကြောင့် Tae Hyung မနှိုးတော့ပဲ Seok Jimကို အနားယူစေလိုက်သည်။
သို့သော် အအိပ်မက်တဲ့ကောင်လေးက အရင်အတိုင်းမပြောင်းမလဲပဲ အအိပ်မက်နေတုန်းသာ။နေ့လည်၂နာရီကျော် ၃နာရီကတည်းက အိပ်ပျော်သွားလိုက်တာ ညနေစောင်းတဲ့ထိ နိုးမလာတာကြောင့် Tae Hyungနှိုးမှဖြစ်တော့မည်။
"Jin...Jin ထတော့လေ...ညနေရောက်ပြီ ဖျားနေလိမ့်မယ် အဲ့လောက်မအိပ်နဲ့...Jinရေ...Kim Seok Jin"
ဘယ်လိုပဲနှိုးနှိုး တုတ်တုတ်မှ မလှုပ်တာကြောင့် Tae Hyung စိတ်မရှည်ချင်တော့။မနှိုးတာမဟုတ်ဘဲ မထချင်လို့ မကြားချင်ယောင်ဆောင်နေတာပဲဖြစ်ရမည်။
"Kim Seok Jin...ထတော့လို့ကွာ...ဖျားမှာစိုးလို့ပြောနေတာ...ကားစီးလာပြီး ရေလည်းမချိုးရသေးဘူး...ရေချိုးနောက်ကျလို့လည်းအအေးပတ်နေအုံးမယ်..."
"နွေရာသီလေကွာ...ဘာလို့အအေးပတ်မှာတုန်း..."
Tae hyungကို အိပ်ချင်မူးတူးနဲ့ စိတ်မရှည်ဟန်ပြောနေတဲ့ Seok Jinက ရင်ဘတ်ပေါ်တင်နေတဲ့ စောင်ကိုတောင် ခေါင်းမူးခြုံသွားလိုက်သေးသည်။
"ဟင် မထသေးဘူးလား"
Tae Hyungမေးလိုက်တော့ စောင်ထဲကနေ လက်ကလေးတစ်ဖက်ထွက်လာသည်။ထို့နောက် လက်လေးငါးချောင်းကိုထောင်ပြပြီး ပြောလာသည်က...
"အင်း ထမယ်...နာရီဝက်ပဲစောင့်"
လက်ငါးချောင်းေထာင်ပြလို့ ၅မိနစ်ပဲစောင့်လို့ ပြောတော့မယ်ထင်နေတာ။ကိုယ်တော်ချောကလေးက နာရီဝက်တောင်စောင့်ခိုင်းနေလေရဲ့။
ကုတင်ပေါ်အိကနဲဖြစ်သွားသဖြင့် Tae Hyungဝင်ထိုင်လိုက်မှန်းသိလိုက်ပေမဲ့ ဘာမှထပ်မပြောတော့တာကြောင့် Seok Jin ရသလောက်အချိန်လေးမှာ ရသလိုထပ်အိပ်ဖို့ပြင်လိုက်သည်။ပင်ပန်းသွားလို့လားမသိပေမဲ့ သူတကယ်အိပ်ချင်နေတာပဲ။တကယ်တော့ တစ်ရေးနှိုးလာသေးပေမဲ့
ညအတွက်ပါ တစ်ဆက်တည်းအိပ်လိုက်ပြီး မနက်ကျမှ ထပါတော့မယ်ဟုတွေးကာ ဆက်အိပ်နေခြင်းပင်။
ထိုစဉ် စောင်ထဲဝင်လာတဲ့ လက်တစ်ဖက်။ကျန်လက်တစ်ဖက်ကလည်း စောင်အနားသားကို ဆွဲကိုင်ထားသေးသည်။
ထို့နောက် ခါးကိုထိကာ လူကိုကလိလာထိုးနေတာကြောင့် ဒေါသထောင်းခနဲ ထွက်ဘာရသည်။သို့သော် စိတ်မဆိုးနိုင်သေး။
ယားလွန်းလို့ မရယ်ချင်ပဲရယ်နေရသည်။
KAMU SEDANG MEMBACA
ငယ်ချစ်ပုံပြင်(Season2){Completed}
Romansaဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ Season 2 Started date-8.12.2021 End date-24.6.2022 OTP-TAEJIN
