For Unicode
ကျောင်းတက်တဲ့ ကာလတွေမှာလည်း အခက်အခဲများများစားစားမရှိခဲ့ပါ။
ပြောင်းလဲလာသည့် ခေတ်စနစ်ကြောင့် လူငယ်အများစုဟာ သူတို့ရဲ့အချစ်ရေးကို နားလည်လက်ခံစပြုလာကြပြီဖြစ်သည်။
နားလည်မပေးနိုင်ကြသေးသည့် လူကြီးများနှင့် အချို့အချို့သော လူငယ်များကိုတော့ လူတို့အပြစ်မပြောလိုပါ။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို နားလည်လက်ခံပေးမည့် အဘိုးနဲ့အဘွားက သူတို့အနားရှိေနပြီဖြစ်သည့်အတွက် ဒီလောက်နဲ့တင်လုံလောက်ပါသည်။
တကယ်ဆို အဘိုးနဲ့အဘွားက ဟိုး လွန်ခဲ့တဲ့ နှစ်တွေကတည်းက Jinအပေါ်ထားတဲ့ သူ့စိတ်ကို နားလည်ပေးထားကြတာ။
Jinနဲ့ ခွဲခွာရတဲ့ (၃)နှစ်က သူ့အတွက် ခက်ခဲလွန်းလို့ အမြဲမှိုင်တွေနေတဲ့ သူ့ကို အားပေးခဲ့ကြတာကလည်း ဒီအဘိုးနဲ့အဘွားပဲ။မိဘနဲ့လည်း အတူမနေနိုင်ခဲ့တော့ ပိုပြီး အထီးကျန်ရတာပေါ့။
မိဘတွေနဲ့ ပတ်သတ်လို့ သိမ်ငယ်နေတဲ့ Jinကိုလည်း သူတို့ပဲ မိဘလို စောင့်လျှောက်ပေးပြီး အရာရာ ဂရုစိုက်ပေးကြတာ။
Tae Hyung ကိုယ်တိုင်ကလည်း Jinကို မဆူရက်၊မပြောရက် ၊မချုပ်ချယ်ရက်နဲ့။အထီးကျန်နေမှာ စိုးသည့်စိတ်ကြောင့် သူငယ်ချင်းအပေါင်းအသင်းနဲ့ပတ်သတ်ပြီး ကန့်သန့်ချုပ်ချယ်မှုတွေလည်း မလုပ်ဖြစ်တော့။အရင်လို
ဟိုလူနဲ့ မပေါင်းခိုင်းတာ၊ဒီလူနဲ့ မပေါင်းခိုင်းတာမျိုး မရှိအောင် အတော်ကိုကြိုးစားထားရသည်။ချုပ်ချယ်လွန်းရင် လွတ်လမ်းရှာပြီး သူ့အနားက ထွက်သွားမှာ ကြောက်မိတာလည်း ပါတာပေါ့။
Jinသူငယ်ချင်းတွေကိုလည်း သူ့ဘက်က အလိုက်အထိုက်ပေါင်းသင်းမိသည်။
အဓိကကတော့ Jinစိတ်ချမ်းသာဖို့ပါပဲ။
Daeguမှာ နှစ်နဲ့ချီပြီး ကျောင်းတက်ခဲ့ဖူးသည့် Jinအတွက် အပေါင်းအသင်းက မရှားပါ။ဒီကြားထဲ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်လို့ သူငယ်ချင်းတွေဟာ ဝိုင်းဝိုင်းလည်နေသည်။အခုတော့ရင်းရင်းနှီးပေါင်းသင်းနေပြီဖြစ်တဲ့ သူငယ်ချင်းများဟာလည်း လက်တစ်ဖက်စာမက။သူတို့အားလုံးဟာနဲ့ Jinနဲ့သူ့ကို အားပေးထောက်ခံသည့်အတွက် ပြဿနာမရှိပါ။
VOCÊ ESTÁ LENDO
ငယ်ချစ်ပုံပြင်(Season2){Completed}
Romanceဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ Season 2 Started date-8.12.2021 End date-24.6.2022 OTP-TAEJIN
