Part...3

395 65 29
                                        

For Unicode

"ကျွန်တော် Seoulမှာ ကျောင်းတက်ချင်တယ် အဖေ"

"ဟေ...မင်းပြောတော့ Daeguက လုံးဝမထွက်နိုင်ပါဘူးဆို...ငါတို့နဲ့အတူတောင် မလိုက်ဘူးလေ"

"ကျွန်တော် Jinနဲ့အတူ ကျောင်းတက်ချင်တယ် ... "

Tae hyungရဲ့စကားအဆုံး အဖေဖြစ်သူထံမှ အသံလှိုင်းများသည် ခေတ္တရပ်တန့်သွားရသည်။

"မင်းအဘိုးနဲ့ အဘွားကရော"

ထိုမေးခွန်းအရဆိုလျှင် အဖေ့ဘက်မှ သူ့စကားကို လက်ခံလိုက်ပြီဖြစ်ကြောင်း Tae hyung အတပ်သိသည်။ထို့ကြောင့် အားတတ်သရောနှင့်ပင် ပြန်လည်ဖြေကြားမိသည်။

"အဘိုးနဲ့အဘွားက 'ကျွန်တော်ပျော်သလိုလုပ်ပါ...စာသင်ဖို့သွားတာကို သူတို့မတားပါဘူး' တဲ့"

"ဟင်း...ကောင်းပြီလေ...ဒါဆို နောက်ရက် အဖေ Seoulကို လိုက်လာပြီးကျောင်းအပ်ပေးမယ်နော်...မင်းက မနက်ဖြန် Seok jinနဲအတူ Seoulကို လိုက်သွားတော့မှာမလား"

"ဟုတ်တယ် အဖေ...ဟိုရောက်ရင်တော့ ကျောင်းကအဆောင်မှာ နေဖို့တွေးထားတယ်...အဆင်ပြေမှာပါ"

"အဖေ အဆင်ပြေအောင်လုပ်ပေးပါ့မယ်...စိတ်မပူပါနဲ့..."

"ဟုတ်ကဲ့အဖေ ဒါဆို...ကောင်းကောင်းအိပ်ပါဗျာ....ကောင်းသောညလေးဖြစ်ပါစေ"

ဖြစ်ချင်တာ ဖြစ်ချင်ရပြီဆိုတော့ Tae hyungရဲ့ အသံလေးဟာ တက်တက်ကြွကြွ၊ချိုချိုသာသာဖြစ်နေသည်။

တကယ်တော့ သူ အဖေတို့နဲ့ လိုက်မသွားခဲ့ဘူးဆိုတာ Jinကို စောင့်ချင်ခဲ့လို့သာ။Jin သူ့ကို ပြန်လာရှာတဲ့ တစ်နေ့ကျ သူ့ကိုမတွေ့နိုင်မှာစိုးလို့ ဒီနေရာလေးမှာသာ နေချင်ခဲ့တာ။

"မင်းနဲ့အတူ ငါလည်း အဆောင်မှာ လိုက်နေမယ်...ငါတို့ အပ်မဲ့ကျောင်းနဲ့ ငါတို့အိမ်နဲ့ကအဝေးကြီးလေ...အကယ်၍ Yonsei uniမှာသာ တက်ခွင့်ရရင်...ငါတို့အတူတူနေကြတာပေါ့"

ဘယ်ချိန်ကတည်းက အနားရောက်နေသလဲမသိတဲ့ Seok Jinက ဧည့်ခန်းထဲက ခုံပေါ်မှာထိုင်ကာ သူ့ကို စကားလှမ်းပြောနေသည်။

"အမေတို့က စိတ်မချလောက်ဘူး..."

"ငါတက္ကသိုလ်ကျောင်းသား ဖြစ်နေပါပြီကွာ...မဟုတ်ဘူး...တက္ကသိုလ်ကျောင်းသားဖြစ်လာတော့မှာလေ...ဒီလောက်တော့ ခွင့်ပြုမှာပါ...ထားပါ မင်းအဝတ်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေထည့်တော့လေ...မနက်သွားရမှာဆိုတော့"

ငယ်ချစ်ပုံပြင်(Season2){Completed}Hikayelerin yaşadığı yer. Şimdi keşfedin