Part...4

334 51 18
                                    

For Unicode

" ဒီလိုဆို ကျွန်တော်တို့က မနက်ဖြန် ကျောင်းဆောင်မှာ သွားနေလို့ရပြီပေါ့နော်"

"ဟုတ်တယ်...မနက်ဖြန်ကျအဖေလိုက်ပို့ပါ့မယ်။မင်းတို့သာ လိုအပ်တဲ့ပစ္စည်းတွေကို တတ်နိုင်သလောက်စုံအောင်ယူ...ကျန်ခဲ့လည်းကိစ္စမရှိပါဘူး အချိန်မရွေးလာယူလို့ရနေတာပဲ။စောင်တွေ၊ခြင်ထောင်တွေက မင်းအမေအသင့်ပေးထားပေးလိမ့်မယ်"

ကျောင်းတွေအပ်ပြီးလို့ ကျောင်းဖွင့်ခါနီးပင်ရောက်နေလေပြီ။သူတို့နှစ်ယောက်လည်း Yonsei universityတွင် စီးပွားရေးမေဂျာ တက်ခွင့်ရခဲ့သည်။

မနက်ဖြန်ဆိုလျှင် ကျောင်းဆောင်သို့ပင်
ပြောင်းရွေ့ရတော့မည်ဖြစ်တာကြောင့် အဖေက သေချာမှာတမ်းခြွေနေသည်။

ညစာစားပြီးနောက် အဖေ၊အမေနဲ့ အဘွားက အသီးသီးအိပ်ယာဝင်သွားကြသလို သူတို့လည်း အိပ်ယာဝင်ခဲ့သည်။မနက်ဖြန်ဆို အပြောင်းအရွေ့နဲ့ ပင်ပန်းရအုံးမှာ မဟုတ်လား။

_____________________________

"ဟူး...ဘာမှမဟုတ်ပေမဲ့ ပင်ပန်းလိုက်တာ...အဲ့တာကြောင့်မင်းကိုပြောပါတယ်...နောက်မှလုပ်လည်းရပါတယ်လို့"

ဖုန်အချို့ရှိနေတဲ့အခန်းကို သန့်ရှင်းရေးလုပ်ကာ အဝတ်အစားတွေကို နေရာတကျထားဖို့ Taeက ပြောတာကြောင့် နားတောင်မနားပဲလုပ်နေရခြင်းပင်။
အများစုကို Taeကလုပ်သွားပေမဲ့ သူလည်းပင်ပန်းပါသည်။

"အခုလုပ်လိုက်တော့လည်း ပြီးသွားတာပဲမဟုတ်လား။မကျေမနပ်ဖြစ်မနေပါနဲ့...ရေချိုးပြီး နားချင်နားလိုက်တော့...ဒီတစ်ပတ်လောက်ထိတော့ အမေထည့်ပေးလိုက်တဲ့ ဟင်းတွေက ကောင်းကောင်းစားလို့ရလောက်သေးတယ်...ငါထမင်းသွားဝယ်ပြီး ပြင်ထားလိုက်မယ်နော်"

"ငါလည်းလိုက်မယ်လေကွာ Taeရာ"

"မင်းပင်ပန်းနေပြီဆို...အောက်ထပ်ကိုဆင်းနေရရင် ပိုပင်ပန်းလိမ့်မယ်...ရေချိုးလိုက်တော့နော်...ငါသွားပြီ"

ပင်ပန်းတယ်လေး သုံး၊လေးခါလောက် ပြောလိုက်မိပါတယ်။အခုတော့ လူကို ထားခဲ့ပြီပေါ့။Kim Tae Hyungကြီးကို စိတ်ဆိုးတယ်ဗျာ။

ငယ်ချစ်ပုံပြင်(Season2){Completed}Where stories live. Discover now