Part...9

374 49 24
                                        

For Unicode

နေရှိန်ခပ်ပြင်းပြင်းကြောင့် အရိပ်ရသည့် သစ်ပင်ကြီး တစ်ပင်၏အောက်တွင် အရိပ်ခိုလိုက်ရသည်။စိတ်ညစ်ညူးနေသဖြင့် မြင်မြင်သမျှဟာ စိတ်မကြည်ချင်စရာ။

ချစ်ရသူနှင့်သူ စကားမပြောသည်မှာလည်း သုံးရက်နီးပါးပင် ရှိလေပြီ။
Jinဘက်က အလျှော့မပေးခဲ့သလို သူ့ဘက်ကလည်း မလျှော့နိုင်ပါ။

"Jin...မင်းကွာ။ငါ့ကို ဒီလောက်ချစ်ရသလား"

ထိုစကားအား ခပ်တိုးတိုးရေရွတ်လိုက်မိသည်။သူများအမြင်မှာတော့ ကို်ယ့်ငါးချဉ် ကိုယ်ချဉ်နေပုံပေါ်နိုင်ပေမဲ့ သူ့စကားဟာ အမှားတော့ မပါပါ။

'Seok Jinက သူ့မိဘတွေနဲ့ မင်း... နှစ်ဖက်ထဲက တစ်ဖက်ကို ရွေးချယ်ခဲ့ရတာကွ။မင်းကို သူရွေးလိုက်ပြီဆိုတော့ Doctor Kimတို့က သူ့ကို ပြန်လက်ခံမှာမဟုတ်တော့ဘူး'
ဆိုတဲ့ အဖေ့ရဲ့စကားကိုလည်း ပြန်ကြားယောင်မိပါရဲ့။

သူမသိခဲ့သည့် တစ်ချိန်က အဖြစ်အပျက်များဟာ Jinအတွက်တော့ နာကျင်စရာ အမှတ်တရတွေအဖြစ်ရှိနေနိုင်ပါသည်။
မိဘတွေနဲ့ယှဉ်ကာ သူ့ကိုရွေးချယ်ခဲ့သူ၊တစ်ဦးတည်းသော သားအဖြစ် အချစ်ခံခဲ့ရသော်လည်း အမွေပြတ်စွန့်လွှတ်ခံကာပင် သူ့အနားမှာ ရှိနေပေးခဲ့သူ။ဒီလိုလူကို
သူထပ်ပြီး အနစ်နာခံခိုင်းဖို့ မဝံ့ရဲတော့တာ သူ့အပြစ်မဟုတ်။

'သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ခဲ့တာတဲ့'

ထိုစကားမှာပင် Tae Hyung ယူကျုံးမရငိုကြေွးခဲ့ရသည်။Seok Jin ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းအရာတွေကို တစ်ထောင့်တစ်နေရာကနေ သိလိုက်ရတဲ့အခါ ရင်ထဲက အတော်ကို နာကျင်ရသည်။Jinဆိုရင် ဘယ်လောက်တောင် ခံစားနေရလိမ့်မလဲ။

သေချာစဉ်းစားကြည့်လိုက်တော့ အခုက သူလည်း Jinကို စိတ်ညစ်စေတဲ့လူဖြစ်နေပြီမလား။
စိတ်အေးအေးထားပြီး တိုင်ပင်သင့်တာသိလျက်နဲ့ တင်းမာနေမိတာက Jinကို ပိုပြီး စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုတာကို သူမတွေးမိခဲ့။

ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာတာကြောင့် ထိုင်နေရာမှ ဆတ်ခနဲထကာ Jinရှိရာသို့ အပြေးလေး သွားလိုက်သည်။

ငယ်ချစ်ပုံပြင်(Season2){Completed}Where stories live. Discover now