Part...6

357 58 17
                                        

For Unicode

စားပွဲခုံပေါ်ရောက်နေပြန်တဲ့ ပန်းတစ်ပွင့်နဲ့ စာတစ်တောင်။ဘယ်သူမှန်းမသိပေမ​ဲ့ မိန်းကလေးဖြစ်ပြီး သိပ်ရဲတင်းလွန်းသည်။

"စာရောက်နေပြန်ပြီ...ဖတ်ကြည့်လိုက်ဦး"

ခပ်နောက်နောက်ပြောနေတဲ့ ထိုစကားတွေက Jinစိတ်ထဲကမပါတဲ့စကားတွေဆိုတာ သူသိသည်။ကိုယ် ကိုယ်တိုင်တောင် အနှောက်အယှက်ဖြစ်နေရတာ Jinဆိုပိုဆိုးမှာပေါ့။ကိုယ့်ဆိုင်သူကို တခြားတစ်ယောက်က နောက်ပိုးပိုးနေတာလေ။အဲ့တာထက် မိန်းကလေးတစ်ယောက်ဆိုတဲ့အသိကြောင့် Jinသိမ်ငယ်နေတယ်ဆိုတာကို သူခန့်မှန်းမိသည်။မဆိုင်တာတွေကို တွေးပြီး အားငယ်တတ်လွန်းတဲ့ ချစ်ရသူကို သူစိတ်ပူသည်။

"မဖတ်ချင်ဘူး...ငါကမင်းကိုပဲ ဖက်ချင်တာ...သိတယ်မလား"

"Taeနော်...လာမပြောင်မနေနဲ့...အထိုးခံချင်လို့လား"

ရှက်ရမ်းရမ်းကာ လက်သီးကြီးထောင်ပြလာတာကြောင့် သူကြောက်ချင်ယောင်ဆောင်ပြလိုက်သည်။ဒါပေမဲ့ Jin လက်သီးပြင်းတာ သူအသိဆုံး။ငယ်စဉ်တုန်းက ကိစ္စလေးပြန်တွေးမိတော့ ပြုံးမိပြန်သည်။နှစ်ယောက်သား အတူဆိုးခဲ့တဲ့ အချိန်တွေပေါ့။

"ငါတို့နှစ်ယောက် ပတ်သတ်မှုကို လူတွေကိုထုတ်ပြဖို့ရဲလား jin"

သူအကဲစမ်းကာ မေးလိုက်မိတော့ Jinမျက်နှာပျက်သွားတာကြောင့် သူအလျင်အမြန်တောင်းပန်မိသည်။

"ဟို...ငါတောင်းပန်ပါတယ်Jin။ငါကဒီတိုင်း ပြောကြည့်တာပါ...မင်းစိတ်ထဲကထုတ်လိုက်နော်...ဘာမှမဟုတ်ဘူးရယ်..."

"ငါလည်း..."

"ဒီသူငယ်ချင်းနှစ်ယောက် ဘာတွေပြောနေကြတာတုန်းကွ"

အတန်းထဲထိဝင်လာကာ သူတို့ဘေးထိုင်ရင်း နှုတ်ဆက်လာတဲ့ Jungkookကြောင့် Seok jinပြောလက်စစကားတို့ကို ရုတ်သိမ်းလိုက်ရသည်။

"ဘာမှမပြောပါဘူးကွာ...ဒီလိုပါပဲ"

"Seok jinက ပန်းကြိုက်ပုံပဲနော်..."

စားပွဲခုံပေါ်ကာ မပစ်ရသေးတဲ့ ပန်းကို ကြည့်ပြီး စပ်စုနေတဲ့ Jungkookက ပြူးပြလည်းမရ၊ဖြဲပြလည်းမရ။တလောက လူပန်းဝယ်လာတုန်း Jungkookနဲ့တွေ့တာကြောင့်  'jinအတွက် ဝယ်လာတာ'လို့ ပြောလိုက်မိတာ။အခုတော့ ကိုယ်တော်ချောက ရှေ့မကြည့်နောက်မကြည့်ပြောနေလေပြီ။

ငယ်ချစ်ပုံပြင်(Season2){Completed}Donde viven las historias. Descúbrelo ahora