Part...8

324 53 15
                                        

For Unicode

နာကျင်မှုတစ်ချို့နဲ့ နိုးထလာရတဲ့ မနက်ခင်းဟာ Tae hyungအတွက်တော့ မသာယာခဲ့ပါ။ဘေးပတ်ပတ်လည်ကို ငေးကြည့်မိတော့လည်း သူချစ်ရသူရဲ့ အရိပ်အယောင်လေးတောင် မမြင်ရ။

ထိုစဉ် အခန်းထဲ ဝင်လာသူက သူငယ်ချင်းဖြစ်သူ Jeon Jung Kook။သူအခုရောက်နေတာ ဆေးရုံပါ။အဆောင်မှာလည်း မဟုတ်ဘဲ Jung Kook ဘယ်လိုရောက်လာပါလိမ့်။

"Jung kook"

သူထိုသို့ ခေါ်ဆိုလိုက်ချိန် Jung Kookဟာ သူ့ကို စိတ်ပူနေဟန် မျက်ဝန်းတွေနဲ့ ကြည့်လာသည်။

"မင်းသက်သာရဲ့လား။Seok jinကရော ဘယ်မှာလဲ...မင်းဒီလောက်ဖြစ်နေတာတောင် ဘာလို့ သူကပေါ်မလာတာလဲ"

ခပ်မာမာဖြစ်နေသည့် အသံအရ Jungkookက Seok jinကို အပြစ်တင်ချင်ပုံပေါ်သည်။

အင်းပေါ့။သူကမှ အဖြစ်အပျက်အကုန်မသိသေးတာ။

"မင်းက ဘယ်လိုရောက်လာတာလဲ JungKook"

JungKookကို မျက်နှာလွဲရင်း စကားလမ်းကြောင်းပါ လွှဲမိလိုက်သည်။

"အဆောင်မှူးလွှတ်လိုက်တာပဲ ဒီ့ပြင် ကိစ္စတော့ ငါမသိဘူး...ငါ့အထင် မင်းနဲ့အဆင်ပြေတာ ငါတစ်ယောက်ပဲ ရှိလို့ဖြစ်မယ်"

"Jinရော"

ထွက်ပေါ်လာသည့် ခပ်ဖျော့ဖျော့အသံမှာ Tae Hyungမပီသစွာပင်။

"ငါ ဆေးရုံကလူတွေကို မေးကြည့်တော့ သူတို့ မင်းဖုန်းထဲမှာတွေ့တဲ့ ပထမဆုံး contactကို ဖုန်းဆက်ကြည့်တယ်တဲ့...ဒါပေမဲ့ ဘာမှမပြောဘဲ ချသွားတာမလို့ အဆောင်ကဖုန်းကိုဆက်လိုက်တာတဲ့"

အင်း ပိုက်ဆံအိတ်ထဲကမှာပါတဲ့ ကျောင်းသားကဒ်ကြောင့် သိတာဖြစ်ရမယ်။ဒါနဲ့ Jinက တကယ်ပဲ သူ့ကိုမချစ်တော့တာလား။ဒါမှမဟုတ် သူမရှိဘဲ နေနိုင်သွားတာလား။နှစ်ရက်ဆိုတဲ့အချိန်က ဆူပွက်နေတဲ့ သွေးတွေကို ငြိမ်သက်သွားစေဖို့ လုံလောက်ခဲ့တယ် ထင်ပါရဲ့။

"ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင်တောင် မူးရူးနေခဲ့ရသလား သူငယ်ချင်းရာ...မင်းပုံလည်းကြည့်ပါဦး ဖျော့တော့နေပြီ။
နောက်ပြီး အစာမစားဘဲ အရက်သောက်တော့ ပိုဆိုးတော့တာပေါ့"

ငယ်ချစ်ပုံပြင်(Season2){Completed}Wo Geschichten leben. Entdecke jetzt