For Unicode
အဘိုးနဲ့အဘွားရဲ့ ခြံလေးက သူတို့နဲ့ အတော်ကံစပ်ပုံရသည်။စို်က်ပျိုးသည့် အပင်လေးတွေက ကောင်းကောင်းရှင်သန်လာတော့ သူတို့အတွက် အဆင်ပြေတာပေါ့။နေကြာပန်းခင်းလေးဟာလည်း သိပ်ကို လှပလွန်းသည်။Taeနဲ့သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးဖြစ်လို့ သိပ်ကို တန်ဖိုးထားမိပါရဲ့။
ကျောင်းပြီးသွားကတည်းက အပြင်မှာ အလုပ်လိုက်ရှာနေတဲ့ Taeကို သူတို့ မနည်းတားထားရသည်။ဘွဲ့ရပြီးမှသာ ဘွဲ့လက်မှတ်ကိုကိုင်ပြီး companyကောင်းကောင်းတစ်ခုမှ အလုပ်ဝင်စေချင်တာကသူ့ရဲ့ ဆန္ဒ။သန်းခေါင်ထက်တော့ ညဉ့်နက်မှာမဟုတ်တာကြောင့် စောင့်လိုက်တာက ပိုကောင်းမှာပါ။
'မင်း အိမ်မှာပဲ နားနားနေနေ နေပြီး ငါ့လုပ်စာကို ထိုင်စားနေပေး' တဲ့။
ဒီစကားကို သတိရမိတိုင်း သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သည်ဘဝကို တွေးမိတာကြောင့် ရင်ခုန်မိသည်။
Taeက သူ့အတွက်တော့ မရှိမဖြစ် လူသားတစ်ယောက်။သူမြတ်နိုးရပါသော သူ့ရဲ့ နေမင်းကြီး။
အမြဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေသော်လည်း ဒါကပင် သံယောဇဉ်တွေ ပိုတိုးစေတဲ့နည်းတစ်ခုဖြစ်နေခဲ့သည်။
ရန်ဖြစ်တယ်ဆိုသည်မှာလည်း အများစုက စေတနာအမှားတွေ၊သဝန်တိုစိတ်တွေနဲ့ ချစ်လို့ ဖြစ်ခဲ့ရတာချည်း။
အဘိုးနဲ့အဘွားကလည်း အရင်လိုမဟုတ်တော့သော်ငြား ကျန်းမာရေးကတော့ ကောင်းဆဲပင်။အသက်ကြီးပြီဖြစ်တာကြောင့် သွက်သွက်လက်လက်မရှိတော့တာတော့ ဓမ္မတာပေါ့။နှစ်ဖက်မိဘတွေနဲ့ကတော့ အရင်ထက် အဆပေါင်းများစွား
စိမ်းသက်သွားခဲ့သည်။Taeမိဘတွေက သူ့မိဘတွေလောက် ခါးခါးသီးသီးဖြစ်မနေကြသည်ကိုပင် သူကျေးဇူးတင်မိပါရဲ့။
တစ်ချိန်ချိန်မှာတော့ နှစ်ဖက်မိဘအားလုံးက သူတို့ကို လက်ခံလာမှာပါ။
တစ်နေ့နေ့တော့ သေချာပေါက်ဖြစ်လာမယ်မလား...တစ်နေ့နေ့မှာပေါ့။
ကောင်းကင်ပြာပြာကြီးက သိပ်ကိုလှပသည်။သို့သော် မပျော်ရွှင်နိုင်သူအဖို့ ထိုအလှအပများကို မခံစားနိုင်ပါ။ကြိုးစားကာ ရှင်သန်နေရသော်လည်း တစ်ခါတရံမှာတော့ သိမ်ငယ်စိတ်တွေဟာ အလုံးအရင်း ဝင်ရောက်လာတတ်သည်။အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေသည့် Taeကိုလည်း အားနာမိ၏။
ВЫ ЧИТАЕТЕ
ငယ်ချစ်ပုံပြင်(Season2){Completed}
Любовные романыဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ Season 2 Started date-8.12.2021 End date-24.6.2022 OTP-TAEJIN
