For Unicode
တစ်ဆင့်စကား တစ်ဆင့်နားကြားကာ မိဘတွေပါ ထိုအကြောင်းကို သိနေကြပြီဖြစ်သည်။
သူတို့ ခက်ခဲတဲ့အခြေအနေတွေကို မနည်းကျော်ဖြတ်ခဲ့ရတာ၊လက်ခံလာတဲ့လူတွေ မရှိခင်အချိန်ထိ ဝေဖန်မှုတွေကြား နေခဲ့ရတာ။အခုအရာရာအဆင်ပြေ၊နေသားကျနေကာမှ ဒီအကြောင်းအရာတွေက လူကြီးတွေဆီ ရောက်သွားရတယ်လို့။
ဘွဲ့ရဖို့ကလည်း တစ်နှစ်သာလိုတော့သည်။တကယ်ဆို ဘွဲ့ရတဲ့အခါ သူတို့ပတ်သတ်မှုကို သူတို့ကိုယ်တိုင် ဝန်ခံဖို့ ဆုံးဖြတ်ထားခဲ့ကြတာလေ။ဘယ်လိုဖြစ်ရတာလဲ။
"ဖေဖေဘယ်လိုသိသွားရတာလဲ မသိဘူး Tae...ဖေဖေက ဒေါသသံကြီးနဲ့ ပြောသွားတာ...ငါတို့ကိုလည်း Kim Tae Hyungနဲ့ Kim Seok Jinတဲ့...မေမေ့ရှိုက်သံတွေကိုလည်း ကြားလိုက်ရတယ် Tae..."
သူ့ကို အားကိုးတကြီး တိုင်တည်ရင်း ငိုယိုနေသူကို ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ရန်ကြိုးစားနေမိသည်။
"အဆင်ပြေသွားမှာပါ Jinရာ...ဦးလေးလည်း အံ့ဩသွားလို့နေမှာပါ...မင်းကို မင်းမိဘတွေက ချစ်ကြပါတယ်...စိတ်အေးအေးထားနော် ငါ့ကလေးလေး"
ကျောလေးကို နူးနူးညံ့ညံ့ပုတ်ရင်း သူချော့မော့နေပေမဲ့ တုန်ရီနေသည့်ကောင်လေးဟာတော့ အငိုမပျက်ခဲ့။မနက်ဖြန် Jinမိဘတွေဆီသွားရမဲ့အရေးကို သူကိုယ်တိုင်ပင် တုန်လှုပ်နေမိသည်။သို့သော် သူကိုယ်တိုင်က ပျော့ညံ့ပြနေလို့ မဖြစ်။သူသန်မာရန်လိုအပ်သည်၊သူသန်မာမှဖြစ်မည်။
ရှိုက်ငိုနေတာကြောင့် အသက်ကိုတောင် အတော်ကြိုးစားရှူနေရတဲ့ ချစ်ရသူကို စိတ်ပူလွန်းလို့ သူငြိမ်ငြိမ်ထိုင်မနေနိုင်တော့။အတတ်နိုင်ဆုံးကြိုးစားကာ နှစ်သိမ့်ပြီး စိတ်ငြိမ်ဆေးလေးတိုက်ထားလိုက်သည်။ခဏအကြာတော့ ပုံမှန် အသက်ရှူသံလေးကြားလိုက်ရတာကြောင့် သူအိပ်ပျော်သွားပြီမှန်းသိလိုက်သည်။
Tae hyungကိုယ်တိုင်လည်း SeokJinအငိုတိတ်ပြီး အိပ်ပျော်သွားမှ အသက်ရှူချောင်ရတော့တာ။မနက်ဖြန်ကြုံရမည့်အခြေအနေတွေကို ရင်ဆိုင်ဖို့လည်း သူအဆင်သင့်ပြင်နေရသည်။
Jinရဲ့ 'ငါမင်းနဲ့ ခွဲရမှာကြောက်တယ်' ဆိုတဲ့ စကားသံတွေကို ပြန်ကြားယောင်လာတော့ သူ့ရဲ့ဘယ်ဘက်ရင်ဘတ်ထဲက အောင့်သည်။သူလည်း Jinကိုမခွဲနိုင်ပါ။
ВЫ ЧИТАЕТЕ
ငယ်ချစ်ပုံပြင်(Season2){Completed}
Любовные романыဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့မခွဲတမ်းရှိနေကြမယ်နော်။တစ်ခြားဘယ်သူမှမရှိရင်တောင် မင်းအတွက်ငါရှိတယ်၊ငါ့အတွက်မင်းရှိတယ်။ဒီလောက်ဆို ပြည့်စုံပါပြီ။ Season 2 Started date-8.12.2021 End date-24.6.2022 OTP-TAEJIN
