Unicode~
န၀ရက်ကိုးသွယ်စီခြယ်ထားသကဲ့သို့သော ထိုအကြည့်စူးရဲရဲတွေကြားထဲ နစ်လေမြှုပ်လေ။
ထိုအကြည့်တွေကို ရှောင်လွဲပြီး ပြေးထွက်ချင်ပေမယ့် ကိုက်ခဲထုံကျင်နေသော လက်တစ်စုံကြောင့် လှုပ်လို့ပင် အဆင်မပြေ။"ဟေး..အဆင်ပြေလားလို့"
Beret ဦးထုပ်လေးကို ခပ်ငိုက်ငိုက်ဆောင်းပြီး Mask အညိုလေး တပ်ထားသော ထိုကောင်လေးက ကျွန်တော့်ကို ရှောင်နေသလို လုံး၀အကြည့်ချင်မဆုံ။
ကျွန်တော့်နောက်လိုက်လာသော ကောင်မလေးတွေတိုက်မိလို့ လက်နာသွားပုံရတာကြောင့် ချက်ချင်းလိုက်မေးပေမယ့် ခုလိုပြန်မဖြေတော့....
ကျွန်တော်က အချေခံနေရတာလား။"မင်းအဆင်မပြေရင် ငါ့ကိုတွဲလိုက်"
လက်ကမ်းပေးလိုက်တော့ တော်တော်ကြာထိ ပြန်လှမ်းမလာ..။ ဒီကောင်လေးက ချေလိုက်တာ။ ကျွန်တော်ကသာ အမျိုးမျိုးပြောနေတာ..သူ့ဘက်ကတစ်ခွန်းမဟ။
လက်ကမ်းထားတာ ညောင်းလောက်တဲ့ အချိန်မှ သူ့ရဲ့ရှပ်အင်္ကျီအညိုလက်ရှည်ထဲက လက်လေးက ပြန်လှမ်းလာသည်။ဒီလက်ချောင်းတွေ....
"မင်း...ဘယ်သူလဲ"
ကျွန်တော်မေးလိုက်တော့ ကျွန်တော့်ကို ထိုကောင်လေးက ပြူးကြောင်၍ ကြည့်လာသည်။
မျက်ခမ်းစပ်အောက်က မှည့်နက်လေးက လှလိုက်တာ။
ကျွန်တော့်ရဲ့ ဂန္တ၀င်လက်ချောင်းလေးတွေရဲ့ပိုင်ရှင်က အစိတ်အပိုင်းတစ်ခုချင်းစီကို လှတာပဲ။ကျွန်တော့်ဆီက လက်ကိုချက်ချင်း ရုတ်ပြီး ထိုကောင်လေးက ကျွန်တော့်ဘေးကနေ ထွက်ပြေးသွားတော့သည်။ ညအမှောင်ထဲမှာ တက္ကစီကားလေးပေါ် ပြေးတက်သွားတဲ့ ဂီတငယ်လေး။
တစ်ရက်တည်း ၂ကြိမ်တွေ့သည့်တိုင် ကျွန်တော့်ဂီတငယ်လေးကို ဖမ်းမမိနိုင်သေးပါ။"ဟူး...နာမည်တောင်မသိလိုက်ရဘူး"
အိမ်ပြန်ခြေလှမ်းများက လေးလံစွာ။
ထိုကောင်လေးကို ထပ်တွေ့ချင်နေသေးတယ်။ တွေ့မှကို ဖြစ်မှာ..။ အိပ်မက်ထဲမှာ တွေ့ဖူးပြီး စွဲလမ်းနေခဲ့တာလို့ ပြောရင် ထိုကောင်လေး ရယ်နေမလားပဲ။