Unicode~
"အင်..ဟင်း...ယောင်း..ယောင်းလေး"
"မောင်.. ထထ! အိပ်မက်ဆိုး မက်နေတာလား"
မောင် ပထမဆုံး အိမ်ပြောင်းမည့်နေ့မို့ အတူလိုက်နေပေးတာ မှန်သွားသည်။ မောင်က ကယောင်ကတမ်း ထအော်နေပြီး ချွေးတွေပါကျနေသည်။ အိပ်မက်ဆိုးမက်နေတယ်ထင်ပါရဲ့။ ချထားသော လက်ကိုင်ပဝါကိုယူပြီး သုတ်ပေးနေတာတောင် မောင်က တအင်းအင်းနဲ့ ညည်းနေတုန်း။
"မောင်...ထ ရေသောက်လိုက်"
"ယောင်း! မောင်အရင်ကရော..ဒီလို အိပ်မက်တွေ မက်ဖူးလား"
"ဘာလို့လဲ မောင်ရဲ့"
"မသိဘူး....မောင် နေ့တိုင်း အဲ့အကြောင်းအရာကိုပဲ မက်နေတာ"
မောင့်ကို ရေတိုက်လိုက်တော့ တစ်ကျိုက်တည်းမြိုချပစ်သည်။ မောင့်ရဲ့ ဘယ်ဘက်ရင်အုံအစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ အတိတ်မေ့နေတာတောင် မောင်က မပြောင်းမလဲအိပ်မက်ကို မက်နေခဲ့တာ။ ကျွန်တော်ကိုယ်တိုင်လည်း မက်နေဆဲဆိုရင်တောင် ကျွန်တော်တို့ဝေးခဲ့ကြတဲ့မြင်ကွင်းကို မက်ပြီးနောက်မှာ အိပ်မက်ကြောင့် နာကျင်ရခြင်းတွေ သိပ်မရှိတော့။
"မောင်အရင်ကလည်းမက်တယ်။ ပြီးတော့ ယောင်းလည်း မက်တယ်"
"ယောင်းကို အဲ့လိုပုံစံကြီး မြင်ခဲ့ရတာ"
"အင်း...ယောင်းသိတယ်"
"လက်မှာ သွေးတွေနဲ့..."
မောင်ထပ်ပြောမယ့်စကားတွေကို အနမ်းနဲ့သာ ပိတ်ဆို့ ပစ်တော့သည်။ ပြတင်းမှန်ကနေတဆင့်ဝင်နေသော နယူးယော့ခ်မြို့ရဲ့ အလင်းရောင် ခပ်မှိန်မှိန်ကြောင့် မောင့်မျက်နှာကို အသေအချာမမြင်ရသည့်တိုင် ချွေးတွေစိုရွှဲနေသောမောင်က သိပ်ကိုဆွဲဆောင်မှုရှိသည်။
'အင်း..အွန့်!'
"မောင် ချွေးတွေရွှဲနေတယ်"
"Sorry! မောင် ရေချိုးခန်းဝင်လိုက်မယ်"
"ဟင့်အင်း! ဒီတိုင်းလည်းဖြစ်တယ်"