Unicode~
"တကယ် တွေ့လာတာလား JungKook"
CEO ပြတဲ့ ဖိုင်တွဲထဲက ဓါတ်ပုံတွေကိုကြည့်တော့ ဟိုတစ်နေ့က စတိတ်ခ်ဆိုင်ကအပြန်မှာ ကျွန်တော်နဲ့ ယောင်းကို တွဲရိုက်ထားတဲ့ပုံတွေဖြစ်သည်။ ဘယ်ဆိုးလို့လဲ...ပုံထွက်ကောင်းပြီး လိုက်ဖက်သားပဲ။
JungKook မဟုတ်ပါဘူးလို့ ငြင်းခဲ့ပေမယ့် ဓါတ်ပုံရိုက်ထားကြတယ်ဆိုတော့လည်း စုံတွဲပုံလေး ရတယ်ပဲ မှတ်လိုက်ပါတယ်။"တကယ်တွေ့လာတာပါ။ JungKook မဟုတ်ကြောင်း ကျွန်တော်ငြင်းခဲ့ပါတယ်"
"မင်းမျက်နှာကိုတော့ မမြင်ခဲ့ဘူးမလား"
သေချာပေါက် နေရာတိုင်း Maskတပ်သွားတာပဲ။ ပရိတ်သတ်တွေက ကျွန်တော်ထင်တာထက်ကို လျင်လွန်းသည်။ စုံထောက်မျက်လုံးများနှင့် ကျွန်တော့်ရဲ့ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံရှိတယ်ဆိုတာ ကြည့်နေကြတာများ သိန်းငှက်မျက်လုံးတောင် အရှုံးပေးရလောက်ပါပေ့။
"JungKook! ငါက မင်းတို့အချစ်ရေးကို လက်မခံတာ မဟုတ်ဘူး။ အချိန်တစ်ခုထိပဲ ပရိတ်သတ်တွေကို မသိစေချင်တာ။ အခုမင်းက Music Chartတွေအကုန်လုံးမှာ ထိပ်ဆုံးရောက်နေတာလေ။ ဒီလိုကိစ္စကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေမှာစိုးတာပါကွာ"
စကားရှည်ဖြင့် ရှင်းပြပြီး အရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို ယူသောက်လိုက်သည်။ အခုတလော CEO ရဲ့ အပြောတွေ လျှော့လာတာကို သတိထားမိသည်။ ကြည့်ရတာ သူ့ဆီ Kang Hyunseokဆီက ငွေတွေမဝင်တော့လို့ထင်ပါရဲ့။ ဆေးရုံကတောင်မဆင်းရသေးတာ ငွေပေးဖို့ဆို ဝေလာဝေးပေါ့။ မိသားစုကလည်း ဆေးရုံမှာ လာတွေ့ပုံမရ။ ဒီလူ့မိသားစုက ဘယ်ကမ္ဘာမှာမို့လဲ။
"ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်ကလည်း တရားဝင်ချပြထားတာမဟုတ်ပါဘူး"
"ဒါပေမယ့် မင်းက လူမြင်ကွင်းခဏခဏထွက်တာတော့ မကောင်းဘူးလေ။ သတင်းသမားတွေက မသိဘူးထင်နေလား။ ငါနှုတ်ပိတ်ခ ပေးထားရတာမနည်းဘူး"
ငွေ..ငွေ..ငွေ။ CEOရဲ့ ခေါင်းထဲမှာ ငွေပဲရှိသည်။ ဒီလောက်ထိ သိနေမှတော့ ယောင်းနဲ့ Kang Hyunseok ပြဿနာကိုလည်း သူသိနေမှာပဲ။ ဒီကိစ္စကြောင့် ယောင်းအနားနေပေးတာကိုလည်း သိမှာပဲ။ ဒါပေမယ့် သူ့ခေါင်းထဲက ငွေကိစ္စကို မထုတ်နိုင်။ ကျွန်တော့်ကြောင့် ရှယ်ယာစျေးကျသွားမှာလည်း တော်တော်စိုးရိမ်နေပုံ။