Part 5

5K 595 76
                                    

Unicode~

"လူကြီး ကျွန်​တော်နဲ့တွဲမယ်"

မျက်လုံးများမှိတ်သည်အထိရယ်ပြီး​ပြော​နေ​သော ထို​ကောင်​လေး။ ပုပု​သေး​သေး​လေးနဲ့ ဖြူဖြူလုံးလုံး​လေးမို့ တစ်မျိုး​တော့ ချစ်ဖို့​ကောင်းသည်။

"ငါက ဘာလို့မင်းနဲ့တွဲရမှာလဲ"

"ကျွန်​တော်က လူကြီးကို ချစ်တာကိုး"

ဘယ်လို​က​လေးက ခု​လောက်ထိ ပွင့်လင်းနိုင်မှာတဲ့လဲ။ ၀တ်ထားတာက ကီရင်အထက်တန်း​ကျောင်း၀တ်စုံ​လေးနဲ့ မျက်နှာ​လေးက က​လေးသာသာ။ ဒီလိုက​လေးက ကျွန်​တော့်ကို တွဲဖို့ ဖွင့်​ပြော​နေတာတဲ့လား။

"မင်းအသက်ဘယ်​လောက်လဲ"

"ဘာလဲ။ အသက်မပြည့်ဘူးထင်လို့လား။ ၁၈ပြည့်ခဲ့ပြီ။ အထက်တန်းလည်း ပြီး​တော့မယ်။ တွဲမယ်မလား"

"အင်း တွဲမယ်"

နာမည်​တောင်မသိ​သော ​က​လေးသာသာကောင်​လေးကို ဘာကိစ္စတွဲမယ်လို့ချက်ချင်းဆုံးဖြတ်မိတာလဲ။ ကျွန်​တော်ကိုယ်တိုင်​တောင် နားမလည်​တော့ပါ။ အချစ်​တွေဘာ​တွေမသိ​ပေမယ့် ကျွန်​တော့်​ရှေ့က ထိုက​လေးက ချစ်စရာ​ကောင်းလွန်းတာ ​သေချာသည်။

"ကျွန်​တော် Park Jimin. ကီရင် အနုပညာ​ကျောင်း အကဌာနက။ Conquerorမှာ Audition ၀င်​ဖြေရင်း လူကြီးကို​တွေ့တာ"

Idolဖြစ်​လောက်တဲ့ပုံစံ​လေးပါပဲ။ ​ကောင်မ​လေး​တွေ သဲသဲလှုပ်ကြမယ့်ပုံစံမျိုးမို့ အဆိုအကသာ​ကောင်း​ကောင်းရရင် ချက်ချင်း Audition​အောင်သွားနိုင်သည်။

"ကိုယ်က Min YoonGi. Jeon JungKook ရဲ့ မန်​နေဂျာ"

"အဲ့တာ​တွေ အ​ရေးမကြီးပါဘူး။ လူကြီးနဲ့ကျွန်​တော် ဒီ​နေ့ကစပြီးတစ်ရက်​နော်"

​ပြောရင်းဆိုရင်း ကျွန်​တော့်ဖုန်းကို လုပြီး သူ့ဖုန်းနံပါတ်ရိုက်ထည့်သွားသည်။ ဖုန်းဆက်ဖို့အမူအရာနဲ့ ပြသွားပြီး တက္ကစီတစ်စီး​ပေါ်သို့ ​ပြေးတက်သွားသည်။
တွဲမယ်​ပြောသွားပြီး ကျွန်​တော့်ကို အိမ်လိုက်ပို့ဖို့မ​ပြောတာ​တော့ မဟုတ်​သေးဘူးမလား။ ဒီ​ကောင်​လေးက လက်ရဲဇက်ရဲနဲ့ သူလုပ်ချင်ရာ လုပ်​တော့တာပဲ။

𝘿𝙚́𝙟𝙖̀....Where stories live. Discover now