Unicode~
"Close the door now (door now)
When I'm with you, I'm in utopia..."သီချင်းပြီးသွားတဲ့နောက်မှာ လက်ခုပ်သံတွေက တညံညံ။ စလွယ်သိုင်းထားတဲ့ ဂီတာကို ချွတ်လိုက်ပြီးနောက် ဒီနေ့ညအတွက် ဖျော်ဖြေမှုက ပြီးဆုံးသွားခဲ့သည်။
ပွဲဦးထွက်ကာလတည်းက အဆို၊ အက၊ ရုပ်ရည် ဘက်စုံပါရမီရှိသော Idol တစ်ယောက်အနေနဲ့ တစ်ဟုန်ထိုး ကျော်ကြားခဲ့သော Jeon JungKook.
သူ့ရဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေရေးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး Mediaများရဲ့ သတင်းမျက်နှာဖုံးမှာ နေရာယူလျက်ရှိသည်။"ပင်ပန်းသွားပြီပဲ JungKook"
မန်နေဂျာတစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ YoonGi က Cola တစ်ဘူးပေးလာသည်။ အေးစိမ့်နေသော Colaက လည်ချောင်းထဲစီး၀င်သွားသည်။ Idol တစ်ယောက်ဖြစ်တာနဲ့အညီ အသံကို အထူးတလဲထိန်းသိမ်းထားရတာကြောင့် ဒီလိုအေးခဲနေသောအရည်များ သိပ်မသောက်ဖြစ်။ သို့သော် ဒီနေ့မှာ ဖျော်ဖြေပွဲတွေ အကုန်ပြီးသွားပြီဖြစ်တာကြောင့် Colaကို မော့သောက်ပစ်သည်။
"မင်း dorm ကို ပြန်မှာလား"
"ဟင့်အင်း! ငါကွန်ဒိုပြန်ဦးမယ်"
စကားနည်းသော YoonGiမှ စကားသံထပ်မကြားရတော့။ ကုမ္ပဏီက စီစဥ်ပေးသော ကားအနက်က ကျွန်တော့်ကို ကွန်ဒိုအောက်ထိ လိုက်ပို့ပေးသည်။ တိတ်ဆိတ်စွာဖြင့် ၂၄လွှာရှိ ကျွန်တော့်ကွန်ဒိုကို တက်သွားလိုက်သည်။
ကုမ္ပဏီက စီစဥ်ပေးတဲ့Dorm မှာ မနေချင်တဲ့အခါ နားနားနေနေ နေလို့ရအောင် ကွန်ဒို၀ယ်ခဲ့သော်လည်း သိပ်မထူးပါ။ ဘယ်မှာနေနေ ကျွန်တော့်တစ်ယောက်တည်းပဲလေ။
မိဘများက ဘူဆန်မှာရှိကြသည့်တိုင် ဆိုးလ်မြို့မှာတော့ ကျွန်တော်ဟာ တစ်ကောင်ကြွက်ပါ။ခြောက်ကပ်ကပ်နဲ့ အထီးကျန်ဆန်သော Luxury ကွန်ဒို တိုက်ခန်းမှာ ဒီတစ်ညတာ ကုန်ဆုံးရဦးမည်။
ရေပန်းကို ဖွင့်ချလိုက်တော့ ရေစက်ရေမွှားများက ၀မ်းဗိုက်ကြွက်သားတစ်လျှောက်စီးဆင်းသွားသည်။ ရေချိုးလိုက်ရလို့ လန်းဆန်းသွားသလိုရှိသွားသည်။
မအိပ်ခင်လေးမှာ ကျွန်တော့် fanတွေအတွက် Twitter မှာ စာတစ်ကြောင်းတင်လိုက်သည်။