Unicode~
ကိုက်ခဲနေသော ညာဘက်လက်နဲ့အတူ ဒီနေ့မနက်လည်း နိုးထလာခဲ့ပြန်သည်။ ထုံးစံလိုဖြစ်နေသော နာကျင်မှုကြောင့် နာတယ်လို့ပင် ထူးထွေပြီး ခံစားမနေတော့။ အိပ်မက်ရဲ့ အဆုံးသတ်အပိုင်းကိုဖယ်ကျဥ်းပြီး ကျန်သောအပိုင်းတွေကိုသာ ပြန်တွေးမိတော့ နှုတ်ခမ်းထက် အပြုံးနုနုတို့ ဖြစ်သွားပြန်ရသည်။
ရေချိုးခန်းထဲ၀င်ကာ ရေချိုး၊ မျက်နှာသစ် သွားတိုက်ရင်း မနက်ခင်းရဲ့ နိစ္စဓူဝများကို ပြီးဆုံးစေလိုက်သည်။ မီးဖိုးချောင်ထဲရှိသော အသင့်ချက်ပြုတ်ရမည့် ဟင်းများကို မနက်စာအတွက် ပြင်ဆင်လိုက်သည်။
ကင်မ်ချီဟင်းရည်ပူပူနွေးနွေးနဲ့ ပုစွန်ကြော်က မနက်စာအတွက် စားချင်စဖွယ်။ ချက်တတ်ပြုတ်တတ်လွန်းလှသူမဟုတ်ပေမယ့် တစ်ယောက်တည်းနေလာချိန်တွေ များလာတာနဲ့အမျှ စားဖို့သောက်ဖို့ အဆင်ပြေတာထက်ပိုသည်အထိ ကျွန်တော့်လက်ရာက အဆင်ပြေပါသည်။
မကြာသေးခင်က ၀ယ်ယူထားသော တစ်ပတ်ရစ် ပြိုင်ဘီးလေးကို ထုတ်ပြီး ကျောင်းသို့လာခဲ့သည်။ ကီရင်ကျောင်းက စက်ဘီးထားရန်နေရာမှာဆို စက်ဘီးခပ်နည်းနည်းသာရှိသည်။ အများစုက အိမ်ကပို့ပေးကြိုပေးသော ကားအသီးသီးရှိကြသည်မို့။
မနက်ခင်းပိုင်းရဲ့ သင်ခန်းစာတွေက ခါတိုင်းလို မေဂျာဘာသာရပ်ဖြစ်သော တယောဂီတအကြောင်းက နှစ်ချိန် စန္ဒယားနဲ့ အဆိုပိုင်းက နှစ်ချိန်သင်ရသည်။ ငြီးငွေ့ဖွယ်ကောင်းသော ဂီတသမိုင်းသင်ခန်းစာတွေကို ကျွန်တော်သဘောမကျပေမယ့် ကြိုးစားသင်ယူနေရတာက သဘာ၀ပင်။
'ကိုယ်ကျောင်းရှေ့မှာ'
ဘုရားရေ...သူက ကျောင်းရှေ့ထိ ဘာလာလုပ်တာလဲ။ ရင်ထဲထိတ်ခနဲ။ သူလာရင် ကျောင်းသူတွေက ဝိုင်းကြည့်နေကြမှာ။ ဒီလိုတော့ အဖြစ်မခံချင်။ ချစ်သူမဟုတ်သေးပေမယ့် ကျွန်တော်ကတော့ သ၀န်တိုမှာပဲ။
"JungKook... ဘယ်လိုလုပ်ဒီထိ"
ကားထဲမှာ စောင့်မနေဘဲ ကားပြင်မှာ ကားတံခါးကို မှီပြီး ရပ်စောင့်နေသည်။ အညိုရောင်နေကာမျက်မှန်က သူ့မျက်နှာပေါ်မှာ အချိုးကျစွာရှိနေသည်။ စတိုင်ပင်ဘောင်းဘီအနက်ရောင်အိပ်ကပ်ထဲ လက်ထည့်ထားပုံက အပျိုတိုင်းကြွေလောက်စရာပင်။ အနီးဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူ့ကို ကြည့်နေကြသော ကျောင်းသူတွေကမနည်း။ အဲ့တာတွေကြောင့် မလာစေချင်တာ။