Part 14

3.9K 476 45
                                    

Unicode~

"​ကျေးဇူးပါ မစ္စတာ Kim. ​က​လေးကို ကျွန်​တော် တာဝန်ယူမှာပါ"

ဦးထုပ်ကိုချွတ်၍ မစ္စတာ Kim ကို ဦးညွတ်နှုတ်ဆက်လိုက်သည်။ အဟက်...အဘိုးကြီးကို မကြည်ဖြူလှ​ပေမယ့် သူ့သားနုနုထွတ်ထွတ်​လေးကို အပိုင်စားမရသ​ရွေ့ ဟန်​ဆောင်ပြ​နေရဦးမှာပဲ​လေ။
ခဏပါပဲ နယူး​ယော့ခ်ကို ​ရောက်တဲ့အချိန်ဆို လန်ဒန်လည်း ပြာကျ​နေ​လောက်ပြီ။ အဘိုးကြီးလည်း ဟစ်တလာလက်ထဲ ​သေ​လောက်​ရော​ပေါ့။

မကြာခင်ထွက်ခွာ​တော့မယ့် သင်္ဘော​ပေါ်ကို တက်သွားပြီး သီးသန့်ငှားထားတဲ့ အခန်း​လေးထဲဝင်လိုက်သည်။ ကုတင်​ပေါ်မှာ ​အေးချမ်းစွာ လဲ​လျောင်​နေ​သော ရုပ်သွင်​လေးက ချက်ချင်းဖျက်ဆီးပစ်ချင်စရာ​ကောင်း​လောက်​အောင် အသည်းယားဖွယ်အတိ။
ဆံပင်​လေးကို ခပ်ဖွဖွသပ်​ပေးပြီး ငုံ့နမ်းမယ်ကြံ​တော့

'ဒုတ်!'

'အာ့!'

"လက်စပြင်းလိုက်တာ က​လေးရာ"

ဘာမှမဖြစ်သလို ​ပြောလိုက်ရ​​ပေမယ့် မူး​နောက်သွား​လောက်​အောင်ထိ Taehyungရဲ့​ခေါင်းက မာသည်။ နိုးနိုးချင်း မျက်လုံးဖွင့်ဖွင့်ချင်း ခုလိုကြီး နှာ​နုရိုးကို ​ခေါင်းနဲ့ဝင်​ဆောင့်လိမ့်မယ်လို့ မထင်ထားခဲ့။ အိပ်​ဆေးအရှိန်ရှိ​နေတာ​တောင် မူး​ဝေခြင်းမရှိဘဲ အားသန်လိုက်တာများ။

'ခလွမ်း!'

"ခင်ဗျား ​ရှေ့တိုးလာရင် ကိုယ့်ဟာကိုယ်သတ်​သေပစ်မယ် ​တွေ့လား"

​​ကြေမွ​နေ​သော ဖန်ခွက်စကို ကိုင်ပြီး ကိုယ့်လက်​ကောက်ဝတ်ကိုယ် ရွယ်ပြ​နေတဲ့ Taehyung. အိပ်ရာနိုးနိုးလာချင်း Kang Hyunseokကို မြင်လိုက်၍ ကိုယ့်ကိုယ်ကိုယ် အချိန်မီကာကွယ်နိုင်လိုက်​သော်လည်း ​ရောက်ရှိ​နေ​တဲ့​နေရာက သင်္ဘော​ပေါ်မှာမို့ ထိတ်လန့်သွားသည်။
နယူး​ယော့ခ်နဲ့ လန်ဒန်ကို အ​ခေါက်​ပေါင်းမ​ရေတွက်နိုင်​အောင် သွားလာဖူးတာမို့ သ​င်္ဘော​ပေါ်​ရောက်​​နေတယ်ဆိုတာ တန်းသိခဲ့ခြင်းဖြစ်သည်။ ဒီသင်္ဘောမထွက်ခင် မြန်မြန်လွတ်မှဖြစ်မည်။
Kang Hyunseokကို ​ကျော်၍ နံရံ​ပေါ်က နာရီကို ကြည့်လိုက်​တော့ ၉နာရီထိုးဖို့ ၁၀မိနစ်အလို။ သူ့ဆီမှာ အချိန် ၁၀မိနစ်သာရှိ​တော့သည်။ ၁၀မိနစ်အတွင်း သင်္ဘော​ပေါ်က လွတ်​မြောက်နိုင်​အောင် ဘယ်လိုလုပ်ရပါ့မလဲ။

𝘿𝙚́𝙟𝙖̀....Where stories live. Discover now