Unicode~
ဒီရက်ပိုင်း စိတ်တွေမတည်ငြိမ်ဘူး။ တစ်ခုခုကို အားမလိုအားမရဖြစ်နေတဲ့အချိန်တွေရှိသလို..စိတ်အားငယ်မိတဲ့အချိန်တွေလည်းရှိတယ်။
ဆေးလိပ်မသောက်ဖူးပေမယ့် ခုရက်ပိုင်းဆေးလိပ်သောက်မှ စိတ်ငြိမ်သည်။ မှန်ထဲကြည့်လိုက်တော့ သူ့ပုံရိပ်က မျက်တွင်းဟောက်ပက်နှင့် ကြည့်ရခပ်ဆိုးဆိုး။ မဖီးမသင်းထားတဲ့ဆံပင်တွေက ညှင်းသိုးသိုး။
'ဝန်ကြီးချုပ်က သက်သေတွေအပ်လိုက်တယ်'
အဲ့လိုမဖြစ်နိုင်ဘူးမလား။ အဟား...သေချာတယ် အသုံးမကျတဲ့ တပည့်က ကျွန်တော့်ကို ညာနေတာ။ ဘယ့်အဖေက ကိုယ့်သားသေတွင်းကိုယ်တူးပါ့မလဲ။ မယုံဘူး....ဘယ်တပည့်တပန်းကိုမှ မယုံဘူး။ ကျွန်တော့်ကို အဖေက အဲ့လောက်ထိ ရက်စက်မှာမဟုတ်ဘူး။
ကျွန်တော့်ဘဝက ဒီလိုကြီး ထောင်ထဲအဆုံးသတ်မှာမျိုးလား..ဟား ဟား လုံးဝမဖြစ်နိုင်ဘူး။ Jeon JungKook ပြန်လာတာနဲ့ ပိပိရိရိအဆုံးသတ်ပေးပြီးရင် သူရှိတဲ့ နယူးယော့ခ်ကို လိုက်သွားဦးမှာ။ ကျွန်တော့်ကို လက်မခံလည်း အတင်းသိမ်းပိုက်ရဦးမယ်။ ပထမတစ်ခါ ခေါင်းကွဲပြီး ဒုတိယတစ်ခါ အစာအိမ်ပါ ခွဲစိတ်လိုက်ရပေမယ့် ဘယ်လောက်ထိ ကျွန်တော့်ကို ဆန့်ကျင်နိုင်မှာတဲ့လဲ။ ဘယ်မုဆိုးမှ သားကောင်ကို အလွတ်ပေးရိုးထုံးစံမရှိဘူး။ သားကောင်းကိုဖမ်းနေချိန်တော့ သားကောင်ရဲ့ အကုတ်အဖဲ့ဒဏ်ကို ခံရမှာပေါ့။
ဆေးပြင်းလိပ်တစ်လိပ်က နှုတ်ခမ်းဖျားထက်မှာ။ ခုတလော ဆေးလိပ်ကြောင့် နှုတ်ခမ်းတွေက ညိုလာသည်။ အရင်ကလို သန့်သန့်ပြန့်ပြန့်ပုံစံနဲ့ ကျောင်းသူလေးတွေကို ကစားမယ့် Kang Hyunseokနဲ့ မတူတော့။ ကျောင်းသူလေးတွေကလည်း နည်းနည်းမှ အကစားမခံကြတော့။ ဒီလောက်ထိ သူ့ပုံစံက ရုပ်ပျက်ဆင်းပျက်။
တရားဝင်သားအဖြစ်ကြေညာခံရပြီးတဲ့နောက်ပိုင်း ရထားတဲ့ စံပြဆရာဆုများနဲ့ ယခုသူ့ပုံစံက ဘယ်လိုမှမဆိုင်။ ရှပ်အင်္ကျီဖရိုဖရဲ တွန့်တွန့်ကြေကြေရယ်၊ ဆံပင်ရှုပ်ပွပွရယ်က ပါမောက္ခတစ်ယောက်ရဲ့ပုံစံလို့ ဘယ်သူက ယုံကြမှာတဲ့လဲ။