Part 19

3.6K 428 41
                                    

Unicode~

"MRI စစ်​ဆေးချက် ထွက်လာပြီ"

တာဝန်ကျဆရာဝန်ရဲ့ သတိ​ပေးစကား​ကြောင့် YoonGi ဓါတ်ခွဲခန်းသို့ လိုက်သွားလိုက်သည်။ ဘာမှထူးထူး​ထွေ​ထွေမဖြစ်ဖို့လည်း ​မျှော်လင့်ရင်း​ပေါ့။

"အ​ခြေအ​နေ ဘယ်လိုရှိလဲ ​ဒေါက်တာ"

"​ဦး​နှောက်​ရှေ့ပိုင်းကို ​တော်​တော်ကြီးထိသွားတယ်။ မှတ်ဉာဏ်​ပျောက်ဆုံးနိုင်​ချေရှိမရှိက​တော့ ၅၀ရာခိုင်နှုန်းစီပဲ"

MRI ရလဒ်က သိပ်ပြီးအားရစရာမရှိ။ ​လေးလံ​နေ​သော ​ခြေလှမ်းများဖြင့် တစ်လှမ်းချင်း ​လျှောက်လာသည်။ အသက်အန္တရာယ်အတွက် အတိအလင်း​ပြောထားခြင်းမရှိ​ပေမယ့် အ​တွေးထဲမှာ မ​ကောင်းတဲ့စိတ်ကသာ ကြီးစိုး​နေသည်။ အထူးကြပ်မတ်​ဆောင်ဆိုတဲ့ အခန်းထဲဝင်လိုက်​သော ကုတင်​ပေါ်မှာ သူငယ်ချင်းအရင်းကြီးက ငြိမ်သက်စွာ လဲ​လျောင်း​နေသည်။ ဘယ်လိုပဲ တစ်​ယောက်ကိုတစ်​ယောက် ဆူဆူဆဲဆဲ​နေကြပါ​စေ​တော့ သံ​ယောဇဥ်မနည်းရှိ​နေဆဲပင်။ ဒီလို မြင်ကွင်းမျိုးကို မြင်ရဖို့ ​ပေါင်းသင်းလာတာ မဟုတ်ဘူး သူငယ်ချင်း​ရေ။

"လူကြီး ခုဘယ်လို ဆက်လုပ်ကြမလဲ"

"နယူး​ယော့ခ်​ပြောင်းဖို့ လုပ်ရမှာ​ပေါ့"

YoonGiက Conquerorရဲ့ ဝန်ထမ်းမို့ တခြား Idolတစ်​ယောက်ရဲ့ မန်​နေဂျာဆက်လုပ်ဖို့ CEOက တိုက်တွန်း​သော်လည်း YoonGiက ကုမ္ပဏီက နှုတ်ထွက်ပြီး JungKookကို န​ယူး​ယော့ခ်အထိ လိုက်​စောင့်​​ပေးဖို့သာ ​ရွေးချယ်​လေရဲ့။ Jiminက​တော့ Traineeကာလမို့ ကိုးရီးယားမှာသာ ​​နေခဲ့ရမှာ ဖြစ်ပြီး JungKookရဲ့ အမှုအတွက် ဖခင်ဖြစ်သူကို အကူအညီ​တောင်းပြီး အစက​နေပြန်လိုက်ရန် စီစဥ်​နေ​​လေရဲ့။

"နယူး​ယော့ခ်​ရောက်ရင်လည်း ​ဆေးရုံ​စောင့်ပဲလုပ်ရမယ်​နော်"

"ဘာလဲ။ ကိုယ်က တခြား အလုပ်​တွေလုပ်ပြီး အပင်ပန်းခံ​နေမှာစိုးလို့လား"

"မဟုတ်တာ။ အပြင်​လျှောက်သွား​နေရင် မျက်နှာဖြူ​ချော​ချော​လေး​တွေနဲ့ ​တွေ့​နေမှာစိုးလို့"

စိတ်ညစ်​နေချိန်မှာ​ ​ပေါ​က်​ပေါက်ရှာရှာ ​ရွေးချယ်​ပြောတတ်​သော ချစ်သူ​ကြောင့် ကျွန်​တော် ကြံဖန်၍ ပြုံးမိပါရဲ့။ Relationshipမှာ က​လေးဆိုးလိုဆိုး​နေတတ်​ပေမယ့် အ​ရေးကြုံလာရင် အမြဲရင့်ကျက်ပြီး အကူအညီဖြစ်​ပေးလို့ ​ကျေးဇူးတင်ရပါ​သေးသည်။

𝘿𝙚́𝙟𝙖̀....Where stories live. Discover now