❄︎ Chapter-7 ❄︎

1.7K 150 7
                                    

Unicode Version

အနီရောင်ညှို့မှိုင်းနေသော ဧကရာဇ်၏နန်းဆောင်ဟာ ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်၍ အပ်ကျသံကိုပင် ရိုးရှင်းစွာကြားရတတ်ပေသည်။ သို့သော်လည်း ညနေတွင်တော့ ဧကရာဇ်နန်းဆောင်ရှိရာ အနီးတဝှိုက်တွင် လူသွား၊လူလာမရှိသလို သတ္တဝါတစ်ကောင်တစ်လေမှဖြတ်သန်းသွားခြင်းမပြုကြ။

အဆောင်တော်အတွင်းဝယ် မှိန်ပျပျမီးအလင်းရောင်ငယ်လေးတစ်ခုသာရှိပြီး လေဝင်ပြတင်းပေါက်မှ လေတွေကတစိမ့်စိမ့်တိုက်ခတ်မှုကြောင့် ခန်းဆီးစတွေဟာ သက်ရှိလူသားတစ်ယောက်သဖွယ် ကခုန်လှုပ်ရှားနေသယောင်။ အနီရောင်ပင့်ကူပန်းတွေက ညိုးနွမ်းလုနီးပါးရှိနေ၍ အခန်းထဲကလူနှစ်ဦးကြောင့် အရှက်ပိုကာ‌ အောက်စိုက်ကျနေတော့၏။

အခန်းထဲတွင်ရှိသော လူနှစ်ဦးထံမှလည်း သာယာမှုကြောင့် ညည်းညူသံတွေက ဆက်တိုက်ကိုထွက်ပေါ်နေခဲ့သည်။ အထိအတွေ့က ရူးခါသွားရတဲ့အထိခံစားရသောကြောင့် သိက္ခာတရားကိုဘေးချ၍ ထိုသာယာမှုတွေကြား‌ ရေစီးဆင်းသကဲ့သို့ မျောပါသွားသလို။ မှိန်ပျပျဖယောင်တိုင်မီးရဲ့ အလင်းရောင်သည်ကား ထိုလူနှစ်ယောက် ကြိုးစားလုပ်ကိုင်နေရာ မွေ့ရာ၏ မနီးမဝေးတွင် မတည်မငြိမ်ရှိနေလေ၏။

"အရှင် ..! ရပ်လိုက်ပါတော့ ..အာ့ "

"............"

တဖက်က တုံ့ပြန်သံမပြုသောအခါ ကျန်းကျယ်ဟန့်လက်လျော့လိုက်ပြီး အလိုက်သင့်နေပေးလိုက်ရပြန်သည်။ သူကိုယ်တိုင်က ဒီဧကရာဇ်အတွက် အသုံးတော်ခံပဲမလား။

ပြီးစီးသွားချိန်မှာ အရှင်ဧကရာဇ်က မထင်မှတ်စွာရင်ခွင်ထဲတိုးဝင်စေလျက်

"မင်း ..လိမ်မာတယ် "

ကျန်းကျယ်ဟန့် အသက်ရှူဖို့ခဲယဉ်းနေရာမှ ကြိုးစားရှူသွင်းရှူထုတ်ကာ သက်ပြင်းချလိုက်ပြီး

"အရှင် ကျေနပ်ရင် လုံလောက်ပါပြီ "

ကုန်းကျွင်းက ထိုစကားကြောင့်ပြုံးမိပြီး ကျန်းကျယ်ဟန့် ဆံနွယ်တွေကို ခပ်ဖွဖွနမ်းရှိုက်၍

"ဟန့် ... မင်းမှာထူးခြားတဲ့ ‌အရာမျိုးရှိလို့လား "

"ဘာကိုဆိုလိုတာ...."

Red Spider Lily's Lord Where stories live. Discover now