❄️Chapter -14❄️

1K 84 15
                                    

Unicode version

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည်ကား ညီလာခံအစည်းအဝေးနှင့် မတူညီလောက်အောင်ရှိ၏။ ကုန်းကျွင်းဟာ အမြင့်ဆုံး ကျောက်နက်ပုလ္လင်ပေါ်မှာထိုင်လျက် ခါးထိရှည်လျားသော အဖြူရောင် ဆံနွယ်တွေကို လျော့တိလျော့ရဲ ချည်နှောင်ထားလေရဲ့။ နဖူးထက်တွင် အနီရောင်အမှတ်အသားတစ်ခု ထပ်ပေါင်းထည့်လို့ရှိနေကာ အနီရောင်ဝတ်ရုံရှည်ကို မြဲမြဲဝတ်ဆင်ထားလေ၏။

အရှင်သခင်၏ တမူထူးခြားသော ပုံစံကြောင့် အမတ်မင်းအချို့မှာ တိတ်ဆိတ်နေကြလျက် သတိမြဲမြံစွာကပ်ထားလေ၏။

"အရှင့်သား ကျွန်တော်တို့ ဒီအရေးကို ဘယ်လိုသင့်ပါလဲ "

ကုန်းကျွင်းဟာ ဂရုမပြုသလို ‌လက်ထောက်ပြီး မျက်လုံးမှိတ်ထားခဲ့သည်။ နံဘေးရှိ ဖန့်ယီထိုက်ဟာမနေသာတော့ဘဲ ကုန်းကျွင်းဘက် တိုးတိတ်စွာစကားပြောလာ၏။

"အရှင့်သား သတိကပ်ပါအုံး .."

"ငါ‌ကိုယ်တော်ပြောပြီးပြီလေ စိတ်တိုင်းကျလုပ် ... "

"........"

"ကဲ ဒါဆို ညီလာခံသိမ်းမယ် ငါ အနားယူဖို့လိုအပ်တယ် "

ထိုစဉ် အရှေ့ဆုံးရှိ မရဏနယ်မြေ၏ ရာထူးအမြင့်ဆုံးနယ်စားမင်းဖြစ်သော ထျန်းဖူသည် ကုန်းကျွင်းရှေ့တော်မှောက် ဒူးထောက်ချလာ၏။ အခြေအနေအရ ဘာမှကောင်းသည့်ပုံမပေါ်ဟု ကုန်းကျွင်းတွေးမိ၏။

"အရှင့်သား ကျွန်တော် အရဲစွန့်ပြီး တင်ပြစရာရှိပါတယ် "

"ပြော"

"မရဏတိုင်းပြည်အတွက် ဧကရာဇ် ဧကရီ ပြည့်စုံသွားပြီ မှန်သော်လည်း ဆက်ခံမယ့် အိမ်ရှေ့စံ လိုအပ်နေဆဲပါ ...အရှင် ..မသင့်လျော်မှန်းသိပါတယ် ယခုကြင်ယာတော်မှာ အရှင်နဲ့ အတူနေလာတာကြာနေပါပြီ ဒါပေမယ့် ကျွန်တော်တို့ သတင်းကောင်းနည်းနည်းမှ မကြားရပါဘူး ..ဘာလို့များ"

ဆိုလိုတာ ဘာကြောင့် သားသမီးရတနာမထွန်းကားရသေးတာလဲ။အခုချိန်တိုင်းပြည်က လူတိုင်းမေးခွန်းထုတ်နေတာ ထိုကိစ္စချည်းပင်။ ယမန်နေ့အချိန်မတိုင်ခင်အထိ သစ္စာဖောက်ချင်သူဟာ တိုင်းပြည်အရှင်၏လိုအပ်ချက်ကို အများသူငှာသိအောင် လိုက်ဖွင့်ချနေသလိုပဲ။ ကြင်ယာတော်ကသာ ယောင်္ကျားတစ်ယောက်ဖြစ်သည်ဆိုတာသာ ဖွင့်ချလိုက်ပြီးလျှင်တော့ သေချာပေါက်ပွက်လောညံသွားလိမ့်မည်။ ပထမဆုံးကျန်းကျယ်ဟန့်က ဆွဲချခံရလိမ့်မည်။ ကုန်းကျွင်းဟာ တစ္ဆေတစ်ကောင်လို ခပ်စစပြုံး၍

Red Spider Lily's Lord Where stories live. Discover now