Unicode version
"ငါ့ကြင်ယာတော်က ငါနဲ့တစ်ညလုံးအတူရှိတာ မင်းအတွက်အထူးအဆန်းလား "
"အထူးအဆန်းမဟုတ်ပါဘူး ဦးရီးတော် "
ကျင့်ချင်အန်းသူ့ကို အရိုအသေတစ်ချက်ပြုကာ ကျန်းကျယ်ဟန့်စီကိုသာအကြည့်လွှဲထားလိုက်၏။ ကျန်းကျယ်ဟန့်ကတော့ အခြေအနေကို သိနားလည်ပုံမပေါ်။
"ချင်အန်း...အရှင့်သား မင်းတို့ ရန်ဖြစ်ထားတာလား "
သူယခုလိုမေးလိုက်ပေမယ့် ထိုမေးခွန်းက အလွန်ပင်မသင့်လျော်လှမှန်း သူမစဉ်းစားနိုင်တော့။ ဘယ်လိုပဲကြည့်ကြည့် ဒီတူဝရီးနှစ်ယောက်ဆက်ဆံရေးက အဆင်ပြေနေပုံတော့မပေါ်။
"အဆောင်ထဲ အရင်ဝင်ရအောင် "
ကုန်းကျွင်းက ကျန်းကျယ်ဟန့်လက်ကို ဆွဲကိုင်ကာ ကြင်ယာတော်နန်းဆောင်ထဲဝင်သွားလေ၏။ ကျင့်ချင်အန်းကလည်း အနောက်က လိုက်ပါလာ၏။
"ဟန် ..ကျွန်တော့်အတွက် ရေနွေးသွားယူခဲ့ပေးပါ "
ကုန်းကျွင်းက သူ့ကို ရှိနေစေချင်ပုံမပေါ်တာကြောင့် ကျန်းကျယ်ဟန့်ရှောင်ပေးလိုက်၏။ ယခုအဆောင်ထဲတွင်တော့ အလွန်အေးစက်လှသော တူဝရီးနှစ်ယောက်သာရှိ၏။
"ဦးရီးတော် .."
"ငါ့ကို ဦးရီးတော်လို့ခေါ်ရကောင်းမှန်းသိသေးတယ်.. ငါမသိဘဲ အပြင်လူတွေကို ဒီကနေအပြင်ထုတ်ပေးရဲသေးတယ် "
"ကျွန်တော့်အပြစ်ကျွန်တော်သိပါတယ် ကြင်ယာတော်ဟန်ကတော့ .."
"ဘာလဲ မင်းက ငါ့ကြင်ယာတော်ကို ငါအပြစ်ပေးမယ်ထင်နေတာလား.. "
"......"
"ငါက မင်းထင်တာထက်လူသားပိုဆန်ပါတယ် ချင်အန်း..နောက်ပြီး ငါက..."
"....."
ကုန်းကျွင်းက ကျင့်ချင်အန်းနား အနားကိုတိုးကပ်လာ၏။ အရပ်သိပ်မကွာသော သူတို့နှစ်ယောက် ဆန့်ကျင်ဘက်ရပ်နေချိန်မှာတော့ အလင်းအမှောင်ဟာကွဲပြားလွန်းလှ၏။
"ကြင်ယာတော်ကို မင်းချစ်တာထက် ငါကပိုပြီးချစ်မြတ်နိုးတယ်"
"ဦးရီးတော် ..."
"အဲ့တာငါပြန်သုံးသပ်ခိုင်းထားတဲ့ မင်းအမှားပဲ .. ကြင်ယာတော်လိုအပ်တာတွေလုပ်ပေးစေချင်လို့ မင်းကို သူ့အနားထားတာ ..မင်းကတော့ တခြားတစ်ယောက်နဲ့ ပေါင်းပြီး ငါ့ကိုနန်းချ ငါ့ကြင်ယာတော်ကို သိမ်းပိုက်ဖို့လုပ်နေတယ်"
DU LIEST GERADE
Red Spider Lily's Lord
Fanfictionမရဏပန်းတို့အရှင်သခင်နှင့် သူ၏ကြင်ယာတော်~❤️ Warningပါတာမို့ clear shippersလေးတွေဆိုရင်ကျော်သွားပါနော်