❄︎ Chapter-9 ❄︎

1.5K 144 6
                                    

Unicode Version

ထိုအမျိုးသမီးလေး၏ အမည်နာမသည်ကား လွီစူးဖြစ်ပေသည်။

လွီစူးရဲ့မျက်ဝန်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့တောအုပ်တစ်ခုလို။သူမရဲ့အကြည့်တွေက ယခင်ကတည်းက ခန့်မှန်းရခက်ခဲပါသည်။ ကျန်းကျယ်ဟန့်ထိုအမျိုးသမီးလေး မျက်နှာမြင်လိုက်ချိန်မှာရင်ထဲက အပူတစ်ချို့ဖြစ်တည်လာသည်။

ရုတ်တရက်သူမ နာမည်ကိုခေါ်လိုက်မိလိုက်လားပင်မသိပါ။

"ကြင်ယာတော်ဟန့် .. ဘာဖြစ်လို့လဲ "

သူ့မျက်နှာထားကိုအကဲခတ်မိတဲ့ ချင်အန်းဟာမေးလာသည်။ ကျန်းကျယ်ဟန့် သက်ပြင်းချလိုက်ပြီး ခေါင်းခါရမ်းကာ

"ဘာမှမဖြစ်ပါဘူး .. ကိစ္စတွေပြီးပြီဆိုတော့ ကျွန်တော်နန်းဆောင်ပြန်လိုက်ပါတော့မယ် "

ချင်အန်းဟာ ကြင်ယာတော်နားကပ်လာပြီး

"ကျွန်တော်လိုက်ပို့ပေးမယ် "

ဖန့်ယိထိုက်ဟာတော့ သူ့ပုံစံအတိုင်းပဲ မျက်နှာသေနဲ့နေပေမယ့် သူ့ဟာကျန်းကျယ်ဟန့်ကို သတိထားပြီးနေတယ်။ ရှီဟွမ်ရှင်းကတော့ လူမှုရေးကောင်းသူပီပီ ကျန်းကျယ်ဟန့်ကိုနှုတ်ဆက်လာသည်။

"ဒါဆို ကြင်ယာတော် ကျွန်တော်လိုက်မပို့တော့ဘူးနော် .. နောက်မှ ရေနွေးကြမ်းလာသောက်ဦးမယ် "

ကျန်းကျယ်ဟန့် ပြုံးလို့ခေါင်းငြိမ့်ပြီး ချင်အန်းအပါအဝင် အစေခံအချို့နဲ့အတူ ပြန်သွားလေသည်။ အစောပိုင်းက ကျန်းကျယ်ဟန့်ကြည့်နေခဲ့သော လွီစူးဆိုသည့် အမျိုးသမီးငယ်ဟာတော့ ကျန်းကျယ်ဟန့်နောက်ကျောပြင်ကိုကြည့်ပြီး ဝမ်းနည်းနေသယောင်။

_

နန်းဆောင် ပြန်နေရင်းလမ်းမှာ ကြင်ယာတော်ဟာ တစ်စုံတစ်ရာကိုတွေးတောနေသယောင်ရှိပြီး ရုပ်နဲ့နာမ်ဟာတစ်ထပ်ထဲကျ မနေ။ ခလုတ်တိုက်ပြီးလဲကျလုဆဲဆဲဖြစ်သွားတဲ့ ကြင်ယာတော်ကို ချင်အန်းအမြန်ဆွဲပွေ့လိုက်ရသည်။

"ဟန့်ရှုံး .. သတိထားလေ "

"အင်းအင်း .."

"နေမကောင်းဘူးလား မျက်နှာက .."

Red Spider Lily's Lord Where stories live. Discover now