❄︎Chapter-4❄︎

2K 172 5
                                    

(Unicode Version)

ပထမဆုံးအကြိမ်အဖြစ်ထိုလူနှင့်အတူစားရတဲ့ ညစာစားဝိုင်းကြီးက အနည်းငယ်ကြောက်ဖို့ကောင်းသည်ဟု ကျန်းကျယ်ဟန့်တွေးမိသည်။ အရောင်မှိန်ဖျော့တော့နေတဲ့ မီးရောင်‌သာရှိပြီး ဆံနွယ်ဖြူတွေအား ကပိုကရိုစည်းထားသော အရှင့်ပုံစံမှာ သက်ရှိလူသားတစ်ယောက်လို့လုံးဝမထင်ရ။ အသက်ဝင်နေသော ပန်းချီတစ်ချပ်လို သို့‌မဟုတ် ပုံသွင်းခံထားရသော ‌‌ဖယောင်းရုပ်တစ်ခုသဏ္ဌာန်အလား။

"ဘာကြည့်နေတာလဲ "

ရုတ်တရက်ဆိုသလို သူစိုက်ကြည့်နေမိတာကို မိသွားတဲ့အရှင့်ဆီက စကားသံထွက်လာတော့ ကျန်းကျယ်ဟန့် အသိဝင်လာလေသည်။ ခေါင်းခါရမ်းလိုက်ပြီး

"တောင်းပန်ပါတယ်အရှင်..ကျွန်တော် ..ခွင့်ပြုချက်မရှိပဲ ..."

"ဘာလို့မရှိရမှာလဲ ..မင်းက ငါ့ရဲ့ ကြင်ယာတော်ပဲ မင်းမှာကြည့်ဖို့ ခွင့်ပြုချက်ဆိုတာတောင်းဖို့ မလိုပါဘူး "

"ကျွန်တော်နားလည်ပါပြီ "

အရှင်က ကျန်းကျယ်ဟန့်ပန်းကန်ထဲ ဟင်းတွေကို ခပ်ထည့်ပေးရင်း

"များများစား..."

ကျန်းကျယ်ဟန့် ကြောင်အစွာဖြင့် ထိုလူအားမော့ကြည့်မိလိုက်သည်။ အရည်ရွှန်းလဲ့ဝှိုင်းနေသော မျက်လုံးနှစ်စုံကအကြည့်ချင်းတိုက်ဆိုင်သွားချိန်မှာ ကျန်းကျယ်ဟန့် ရင်ထဲက လှိုက်ဖိုလာတော့သည်။ထိုလူနဲ့သူက သာမန်ပတ်သတ်မှုမျိုးမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက်နှီးနှောပတ်သတ်ခဲ့ဖူးသည်ဟု အတွေးဝင်လာလိုက်တိုင်း မျက်နှာပူပြီး ပါးတွေနားတွေရဲတက်လို့လာစေသည်။

ကျန်းကျယ်ဟန့်ထိုလူရဲ့ အကြောင်းကိုများများစားစားမသိ။ထိုလူက ဒီမရဏတိုင်းပြည်နယ်မြေကြီးတစ်ခုလုံးရဲ့အရှင်သခင် ၊အမည်နာမအရင်းက ကုန်းကျွင်း။ ပြီးတော့ ညှာတာမှုကင်းမဲ့ ရက်စက်လွန်းတဲ့ လူသတ်မကောင်းဆိုးဝါးတစ်ယောက်။ သို့ပေမယ့် ကျန်းကျယ်ဟန့် သူ့ကို အလွန်တရာထိတ်လန့်ကြောက်ရွံ့တာမျိုးတော့ မခံစားမိချေ။ထိုခံစားချက်က သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကြောင့်သော်လည်းကောင်း၊ ထိုလူဆီက ‌နွေးထွေးမှုကိုခံစားမိရလို့ လည်းကောင်းဖြစ်‌နိုင်ပေသည်။ အခုလည်း ကျန်းကျယ်ဟန့်ပန်းကန်ထဲဟင်း‌တွေခပ်ထည့်ပေးနေလေ၏။

Red Spider Lily's Lord Where stories live. Discover now