❄︎ Chapter- 10❄︎

1.5K 133 5
                                    

Unicode Version

ကျန်းကျယ်ဟန့်ဘာမှပင်မပြောနိုင်ပါ။ သူ၏ခင်ပွန်းဟုဆိုသော ထိုယောင်္ကျား၏ စကားကိုသာနားထောင်ရပေ၏။ဘယ်လိုပဲကြည့်ကြည့် ထိုလူဟာ သူအမြဲတွေ့မြင်နေကျ အေးစက်စက်မျက်နှာနှင့်  ခမ်းနားလှသောအရှင်ဧကရာဇ်မဟုတ်ပါလေ။သို့သော်လည်း ယခုသူ့ရှေ့ကကောင်လေးသည်ကား ပန်းနုရောင်မက်မွန်ရနံ့သင်း‌ နေသော ဝတ်ရုံတော် နှင့်အဖြူရောင်တိမ်တိုက်သဏ္ဌာန် ကျောက်စိမ်းဆံထိုးဖြင့် အသွင်တစ်မျိုး သစ်လွင်သလို ငယ်ရွယ်သွက်လက်တဲ့ အိမ်ပြေးသူဌေးသားလေးတစ်ယောက် သကဲ့သလို့ပင်။

"ဘာငေးနေတာလဲ သွားမယ်လေ "

ရုတ်တရက်သူ့ရှေ့က ထိုအမျိုးသားရဲ့စကားကိုကြားမှ ကျန်းကျယ်ဟန့် အသိဝင်လာပြီး ခါးစည်းကြိုးစည်းနေရာကနေ တင်းကြပ်စွာစည်းမိတော့သည်။ ကုန်းကျွင်းမှာ မျက်မှောင်ကြုတ်လိုက်ပြီးအနားရောက်လာတော့သည်။ သူ့ထက်အနည်းငယ်အရပ်မြင့်သော ထိုအမျိုးသားရဲ့ မတူညီသောမျက်နှာကိုကြည့်ရင်း ကျန်းကျယ်ဟန့် ကြောင်အနေဆဲ။

ကုန်းကျွင်းက ခါးအနည်းငယ်ငုံ့ကိုင်းလိုက်ပြီး ကျန်းကျယ်ဟန့်၏ခါးစည်းကို ပြန်ဖြုတ်နေသည်။

"အရှ...ကုန်းကျွင်း "

"ဘယ်အရွယ်ရောက်နေပြီလဲ ခါးစည်းတောင်သေချာမစည်းတတ်ဘူးလား ... ဒီလောက်ကြပ်အောင်စည်းထားရင် အသားတွေပွန်းပဲ့မှာပေါ့ "

"ကျေးဇူးတင်ပါတယ် "

ကုန်းကျွင်းပြန်စည်းပေးလိုက်သော်လည်း အစောကအတိုင်းပဲ ကျန်းကျယ်ဟန့် ခါးသွယ်သွယ်လေးက ထင်းနေဆဲ။ ဒီလိုမျက်နှာထား၊ဒီလိုလှပတဲ့ခါးနဲ့ မိန်းမပျိုလို့ အထင်ခံရပြီး ဆက်သခံရတာလည်း မမှားပါဘူး။ နောက်ကျရင် ခါးစည်းလှလှလေးနဲ့ ဝတ်ရုံတွေ ပို့လိုက်ရင် ကျန်းကျယိဟန့်နဲ့အတော်လိုက်ဖက်လိမ့်မယ်လို့ တွေးမိလေ၏။ အခုတော့ အပေါ်ဝတ်ရုံပွပွတစ်ခုကိုယူလိုက်ပြီး သူ့ကိုယ်ပေါ်ထပ်ခြုံပေးလိုက်မိသေးသည်။ဘာလို့လဲဆိုရင် အပြင်သွားလိူ့ ဒီလိုခါးသေးသေးလေးထင်းနေပုံနဲ့ ဘယ်သူ့ကိုယုံလို့ရနိုင်မှာလဲ။

Red Spider Lily's Lord Nơi câu chuyện tồn tại. Hãy khám phá bây giờ