Unicode
လရောင်ဖျဖျအောက်၌ ရပ်တန့်မြဲရပ်တန့်နေကြသော လူသုံးဦး။
ကျန်းကျယ်ဟန့် ကုန်းကျွင်းမျက်လုံးတွေကိုစိုက်ကြည့်ပြီးအေးခဲသွားမတတ်။
ထူးဆန်လေတယ်။ အစောက သူနဲ့အတူလျှောက်လည်ခဲ့တဲ့ကုန်းကျွင်းရဲ့မျက်ဝန်းတွေကို ကြည့်မိတဲ့အခါနွေးထွေးသွားပေမယ့် ဒီမျက်ဝန်းတွေကတော့ ကွာခြားလေတယ်။ကျင့်ချင်အန်းဟာဓါးကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်ပြီး အံ့ကြိတ်ကာ ဒူးထောက်ချလေ၏။
"ဦးရီးတော် ကျွန်တော်မှားပါတယ် ကြင်ယာတော် ပျင်းရိနေမှာစိုးလို့ အပြင်ခေါ်သွားပေးခဲ့တာပါ ကြင်ယာတော်ရဲ့ဆန္ဒမပါ ပါဘူး သူ့ကိုအပြစ်မပေးပါနဲ့ ကျွန်တော်သူ့ကိုသေချာစောင့်ကြည့်ခဲ့တာပါ "
ကုန်းကျွင်းဟာ မျက်နှာသေဖြင့်သာ ကြည့်ပြီး ပုံမှန်လေသံဖြင့်သာဆိုလာ၏။
"ယောင်္ကျားတစ်ယောက်က အမှားလုပ်ဖို့ ဘယ်လိုတောင်လွယ်ကူနေတာလဲ ငါမင်းကို သင်ပေးခဲ့တာ အဲ့ပုံစံလား "
"........"
"အခုနန်းဆောင်ကို ပြန်ပြီး ကိုယ့်ကိုကိုယ်သုံးသပ်နေ ..ကိုယ့်အပြစ်က ဘာလဲဆိုတာ "
"ဟုတ်ကဲ့ ဦးရီးတော် "
ကျင့်ချင်အန်းအရိုအသေပြုပြီး ချက်ခြင်းထထွက်သွားလေသည်။ကျန်းကျယ်ဟန့်အား အကူညီမဲ့သောမျက်ဝန်းများဖြင့်သာကြည့်လိုက်နိုင်လေသည်။ အရှင်သခင်ကုန်းကျွင်းဟာ ကျန်းကျယ်ဟန့်နားတိုးလာခဲ့ပြီး သူ၏ အပေါ်ရုံဝတ်ရုံအား ကျန်းကျယ်ဟန့်အပေါ်လွှားခြုံပေးလိုက်၏။
ကျန်းကျယ်ဟန့်လန့်သွားပြီးနောက်ကိုခြေတစ်လှမ်းဆုတ်မိသွားသည်ပဲလား မသိပါ ကုန်းကျွင်းဟာဆိုလာတယ်။
"မကြောက်ပါနဲ့ .."
"မင်း ..မဟုတ်ဘူး အရှင် .."
ကုန်းကျွင်းနှုတ်ခမ်းတွေဟာကွေးညွှတ်သွားပြီး
"ကျွန်တော့်ကြင်ယာတော်လေး ..အနားမှာ ဘယ်သူမှမရှိရင် ဟန့်စိတ်တိုင်းကျ ကျွန်တော့်ကိုခေါ်လို့ရပါတယ် "
ကျန်းကျယ်ဟန့် မည်သို့မျှ မဆိုရသေးခင်မှာ ကုန်းကျွင်းဟာ သူ့လက်ကိုပိုင်စိုးပိုင်နင်းဆွဲခေါ်သွားပြန်တယ်။ အင်းလေ အစထဲက သူပိုင်တဲ့အရုပ်ကလေးလိုပဲ။
YOU ARE READING
Red Spider Lily's Lord
Fanfictionမရဏပန်းတို့အရှင်သခင်နှင့် သူ၏ကြင်ယာတော်~❤️ Warningပါတာမို့ clear shippersလေးတွေဆိုရင်ကျော်သွားပါနော်