❄️Chapter _11❄️

1.5K 135 12
                                    

Unicode Version

" မင်းငါ့ကို ပြန်ပို့ပေးမလို့လား "

နားထဲ အူထွက်သွားလောက်အောင်ကြားလိုက်ရသည့် အနှီလူသားရဲ့စကားကြောင့် ကုန်းကျွင်း မှင်တက်သွားသည်။ ထိုအခိုက်အတန့်လေးတစ်ခုဟာ မည်မျှပင် မကြာလိုက်ပေမယ့် ကုန်းကျွင်းရင်ထဲတစ်စုံတစ်ဦးကို နှစ်ပေါင်းရာချီကာ စောင့်ဆိုင်းနေခဲ့ရသလို။ မီးရောင်အောက်က မျက်ဝန်းနုနုလေးတွေဆီက အကြည့်မလွှဲနိုင်သလို၊နှုတ်ဖျားမှာလည်း စွန့်လွှတ်ခြင်းရယုလိုခြင်း စကားတစ်ခွန်းတစ်လေမှမပြောနိုင်ခဲ့ပါ။

ကျန်းကျယ်ဟန့်က သူ့ရဲ့မျက်ဝန်းတွေကို စိုက်ကြည့်နေတာကြောင့် သူ့ရင်ထဲကစကားလုံးတွေကို ထိုမျက်ဝန်းထဲမှာ မြင်ရမှာစိုးလို့ အကြည့်လွှဲလိုက်မိသည်။
ထို့နောက်ခပ်ရှရှ အက်ကွဲနေသော အသံနှင့်အတူတုံ့ပြန်လိုက်သည်ကား

" ခင်ဗျားက .. ကျွန်တော့်လူပဲ ပြန်ပို့ပေးခြင်း မပို့ပေးခြင်းက ကျွန်တော်နဲ့ပဲသက်ဆိုင်တယ် ခင်ဗျားဝင်စွတ်ဖက်လို့မရဘူး ကိုယ့်နေရာကိုယ်မေ့သွားတာလား"

ကုန်းကျွင်းဆီက ထင်မှတ်ထားတဲ့တုံ့ပြန်သံကြားမှ ကျန်းကျယ်ဟန့်ကိုယ်တိုင်လည်း သူ့ရှေ့ကလူက ဘယ်သူလဲဆိုတာ သတိရလာမိသည်။

"ကျွန်တော့်စကားလွန်သွားပါတယ် အရှင် .."

ကျန်းကျယ်ဟန့် ရပ်နေရာကနေ မြေပြင်ပေါ် ဒူးထောက်ချလိုက်မိတယ်။ သူမသေချင်သေးဘူး အမေ့ကိုတွေ့ချင်သေးတယ် ပြီတော့ လွီစူး...။

လူအသွားအလာရှိတဲ့နေရာမှာ ရုတ်တရက်အခုလိုအပြုအမူမျိုးလုပ်လိုက်တဲ့ ကျန်းကျယ်ဟန့်ကြောင့် ကုန်းကျွင်း ဆွံ့အသွားရပြန်တယ်။ ချက်ခြင်းထိုလူကို ဆွဲထူပြီး

"ခင်ဗျား နောက်ဆို ဒူးမထောက်နဲ့ .. အဲ့ခါကျရင် ပိုပြီးကြီးတဲ့အပြစ်ပေးမှာ "

ကုန်းကျွင်းရင်ထဲထိုလူရဲ့ နဖူးပေါ်က ဆံနွယ်စကို သပ်တင်ပြီးပြောချင်တဲ့စကားအချို့ရှိသည်။

"ကျွန်တော် ခင်ဗျားကိုပြော..."

"ကယ်ပါ... မလုပ်ပါနဲ့ !!! တောင်းပန်ပါတယ် အင့်ဟင်းး "

Red Spider Lily's Lord Donde viven las historias. Descúbrelo ahora