❄︎ Chapter 2 ❄︎

2.6K 177 3
                                    

Unicode Version

နေရောင်ခြည်ပျပျလေးဟာ အိပ်ဆောင်ခန်းထဲခပ်ပျပျလေးတိုးဝင်လာတဲ့အခါမှာ အလင်းရောင်တွေအား မနှစ်သက်ရှာပါသော ထိုလူသည်ကား ခန်းဆီးလိုက်ကာတွေအား ထိုင်ရာမှထခြင်းမပြုပါပဲ အကြည့်တစ်ချက်နဲ့တင် ချပစ်လိုက်‌လေတော့သည်။

သူ့ဘေးတွင် သတိလစ်မေ့မျောနေသော ယောင်္ကျားပျိုလေးအား ကြည့်၍ စိတ်ထဲတွင် ဒေါသစိတ်များ ကိန်းအောင်းနေမိသည်။ထိုဒေါသစိတ်များသည်ကား ထိုလူသားအပေါ်ကျရောက်နေတာလား။ဒါမှမဟုတ် ထိုလူသားနဲ့ အတူနေမိ‌သွားအောင် ဖန်တီးခဲ့သော ရှီဟွမ်ရှင်းကို ဒေါသထွက်နေတာလား မသဲကွဲပါလေ။

အရင်က ထိုမျိုးမစစ်လေးရှီဟွမ်ရှင်းမှာ သူ့အတွက်ကြင်ယာတော်မိန်းကလေးများစွာကို ရှာဖွေပေးခဲ့သည်။ဒါပေမယ့်လည်း တစ်ယောက်နဲ့မှ အတူမနေခဲ့သော သူ့ရဲ့ဂုဏ်သိက္ခာသည်ကား ဒီယောင်္ကျားတစ်ယောက်ဖြစ်တဲ့ လူနဲ့မှရေစုန်မျောသွားခဲ့ပါသည်။ရှီဟွမ်ရှင်းဘယ်လိုအတွေးနဲ့ အခုလိုမျိုး ပေါက်ကရတွေးတတ်ရလဲ မသိပေမယ့်လို့ သူတကယ်မနှစ်မြို့ရှာပေ။

ဒါကြောင့် လက်တစ်ဖက်ကို အိပ်မောကျနေတဲ့ ထိုလူဆီလှမ်းလိုက်ပြီး လည်ပင်းကို ကျစ်ကျစ်‌ပါအောင်ဆွဲညှစ်လိုက်တော့သည်။ကျန်းကျယ်ဟန်အသက်ရှူရကျပ်တည်းလာသောကြောင့် အမြန်နိးထလာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ချင်း သူမြင်လိုက်ရတာက မနေ့ညကသူ့အားနိုင်ထက်စီးနင်းပြုမူခဲ့သော နှင်းပမာဖွေးဖြူနေသော ဆံနွယ်ပိုင်ရှင်က သူ့ရဲ့လည်ပင်းအား ညှစ်ကာ သူ့ကိုသတ်ဖို့ပြင်နေတော့သည်။

ကျန်းကျယ်ဟန် ဒီကိုစရောက်ကတည်းက သေဆုံးခြင်းကို မျက်ကွယ်ပြုပြီးသားဖြစ်နေပြီးတာမို့ ရုန်းဖို့မကြိုးစားခဲ့တော့ဘူး။အဲ့အစားတစ်ဖက်လူရဲ့ လက်ကောက်ဝတ်အား ပထမတော့ တင်းကျပ်စွာဆုပ်ထားမိရာကနေ ပြေလျော့သွားခဲ့ပြီး ထိုလူအား အရည်ရွန်းလဲ့နေသော မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေမိသည်။

ခဏကြာတော့ သူ့အား သတ်ချင်စိတ်ပြင်းပြနေသောထိုလူရဲ့ လက်တွေကတဖြည်းဖြည်းပြေလျော့ကျသွားကာ မျက်ဝန်းအစုံက ခက်ထန်မှုတွေလည်း လွင့်ပါးပျောက်ကွယ်သွားသည်။

Red Spider Lily's Lord Donde viven las historias. Descúbrelo ahora