Unicode>>
ကြင်ယာတော်ကျန်းပျောက်ဆုံးနေသောကြောင့် ကျင့်ချင်အန်းမှာ ခေါင်းမီးတောက်နေနှင့်ပြီးဖြစ်သည်။ ကြင်ယာတော်အခန်းရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ ဦးရီးတော်ကို သွားအသိပေးသင့်မပေးသင့်ကို ဝေခွဲမရတော့။
စားသောက်ပွဲကနေ ထွက်သွားသော ဦးရီးတော်ဖြစ်သူမှာ ခေါင်းကိုက်နေပါသည်ဆိုတော့ကြောင့် အသိပေးခြင်းကို လက်လျော့လိုက်သည်။ ဦးရီးတော် စိတ်မကြည်လင်သည်နှင့် ကြင်ယာတော် ထွက်သွားတာကို သိလျှင် အပြစ်ကကြီးလေးမည်မှာ သေချာသည်။ သူ ဟန့်ကောကို ဒုက္ခမရောက်စေချင်သည်က သူ့ရဲ့စိတ်ရင်းသာဖြစ်ပါသည်။
နောက်ဆုံးတွင် သူ့ရဲ့ ဓါးကိုမြဲမြံစွာ ဆုပ်ကိုင်လျက် နန်းတော်အပြင်ဘက်ပွဲတော်ဆီ ဦးတည်ထွက်သွားခဲ့သည်။ သနားစရာကောင်းသောကျင့်ချင်အန်းမှာ တဖက်က လူအတွက်အများကြီးတွေးပူပေးနေခဲ့သော်လည်း အနှီလူကတော့ ....။
လုံးဝ တခြားတစ်ယောက်လိုပြောင်းလဲသွားသော ကုန်းကျွင်းနောက်ကို လိုက်ရင်း အချိန်များစွာ ကုန်ဆုံးပြီး မောပန်းလာကြသည်။
"ဟန့် ... ကျွန်တော်တို့ရဲ့ ပွဲတော်က ပျော်ဖို့ကောင်းလား "
"အင်း ..စိတ်ဝင်စားဖို့ကောင်းတယ် "
"ရုပ်သေးပြဇာတ်သွားကြည့်ရအောင် "
"ဟမ် ? "
ကုန်းကျွင်းက သူ့ရဲ့လက်ကို ဆုပ်ကိုင်ကာ ရုပ်သေးပွဲကို ကြည့်မယ့် လူအုပ်ကြားထဲတိုးဝင်သွားခဲ့သည်။ မဟုတ်ပါက ဒီလူအ ကြင်ယာတော်သေးသေးလေးက လူအုပ်ကြားထဲရောယောင်ပျောက်သွားပြီး လမ်းမှားနေပါလိမ့်မည်။
ရုပ်သေးပြဇာတ်စင်မြင့်ရဲ့ ထိပ်ဆုံးနေရာမှာ ထိုင်လိုက်ကြပြီး ကုန်းကျွင်းက သူ့လက်ကို မလွှတ်ပေးဘဲ စိတ်ပါဝင်စားစွာကြည်ါနေလေ၏။ ကျန်းကျယ်ဟန့် ဒီညဖြစ်ပျက်သမျှကို အိမ်မက်သာမှတ်နေပေသေးသည်။ သူဒီနေရာကို စတင်ရောက်ရှိကတည်းက အရှင်သခင်ကုန်းကျွင်းကို အမြဲလိုလိုကြောက်ရွံ့နေခဲ့ရပါသည်။
ထိုလူရဲ့ အသုံးတော်ခံဖြစ်ရတဲ့ ဘဝကို အားမလိုအားမရဖြစ်ခဲ့၏။ ကုန်းကျွင်းဟာအမြဲတမ်း ခက်ထန်တဲ့ မျက်နှာမျိုးနဲ့ သူ့ကိုဆက်ဆံခဲ့သော်လည်း ဒုက္ခကြီးကြီးမားမားပေးခဲ့တာမျိုးတော့ မရှိပါဘဲ ...သူကြောက်ရွံ့နေခဲ့ပါသည်။ ပြီးတော့ ထိုလူကတိုင်းပြည်အရေးကိစ္စရှိလာ၍ သူ့ကိုသတ်ရန်လိုလာသောအခါ နှစ်ခါစဉ်းစားမည်မဟုတ်သော လူမျိုးဖြစ်သည်။ ဒါကြောင့် အခုပြောင်းလဲနေသော ကုန်းကျွင်းပုံစံကိုကြည့်ရင်း သူ့ရင်ထဲ သဘောကျမိသော်လည်း စိုးထိတ်လာပါသည်။
ESTÁS LEYENDO
Red Spider Lily's Lord
Fanficမရဏပန်းတို့အရှင်သခင်နှင့် သူ၏ကြင်ယာတော်~❤️ Warningပါတာမို့ clear shippersလေးတွေဆိုရင်ကျော်သွားပါနော်