Unicode Version
သတိလစ်မေ့မျောသွားတဲ့ ကြင်ယာတော်ကြောင့် အရှင်ဧကရာဇ်မကျေမနပ်ဖြစ်သွားလေသည်။သို့ပေမယ့် ကန်ဘောင်ပေါ်တက်လာပြီး ကြင်ယာတော်၏ ပေါ့ပါးလှသော ခန္ဓာကိုယ်အား ပွေ့ချီ သယ်ယူလိုက်တော့၏။
"ဘာလို့ အဲ့သလောက်ပေါ့ပါးနေရတာလဲ "
ကြင်ယာတော်မှာ တစ်ပါးသောအမျိုးသားတွေနဲ့ မတူပဲအလွန်ကိုဆွဲဆောင်နိုင်သောအလှတစ်မျိုးအားပိုင်ဆိုင်ထားသူဖြစ်သလို စိတ်ဓာတ်ရေးရာမှာလည်း အလွန်ပင်သိမ်မွေ့နူးညံ့လှသည်။ တူတော်ဖြစ်သူကျင့်ချင်အန်းအား ကြင်ယာတော်အနားကို တမင်လွှတ်၍ အကဲဖြတ်ရန်စေခိုင်းခဲ့ရာ ပြောကြားချက်များအရ ကြင်ယာတော်သည် ကြက်တစ်ကောင်ကိုပင် သတ်နိုင်ခြင်းမရှိပေ။
သူကိုယ်တိုင်ပင်လည်း မျိုးစုံစမ်းသပ်ခဲ့ဖူးသည်။ အလွန်နီးကပ်စွာနေပြီး ကြင်ယာတော်ဘက်ကစပြီး သူ့ကိုထိခိုက်အောင်လုပ်မဲ့ အချိန်ကိုစောင့်ရန် သူ့ကိုယ်သူလိုက်လျောညီထွေဖြစ်အောင်နေခဲ့၏။မည်သို့ပင်ဖြစ်စေကာမူ ကြင်ယာတော်သည် သူ့ကိုထိခိုက်အောင်မလုပ်တဲ့အပြင် တဒင်္ဂဖြစ်ပေါ်လာသောစိတ်ခံစားမှုတွေကိုပါဖြည့်ဆည်းပေးသည်။ အများနဲ့မတူပဲ သူ့အပေါ်ကိုနားလည်မှုပေးနိုင်သည်ဟုခံစားရသော ဒီကြင်ယာတော်ကို သူနှစ်သက်မိပါသည်။ဒါကြောင့် မသတ်ဘဲ အလှကြည့်ရန်အတွက် လှောင်အိမ်ထဲပိတ်သိမ်းထားမိသလိုဖြစ်နေပါတော့သည်။
အခုလည်း ကြင်ယာတော်ရဲ့ ခန္ဓာကိုယ်ကိုသယ်ယူလိုက်ချိန် ဘဝင်မကျရခြင်းမှာ ထိုအမျိုးသားလေး၏ ခန္ဓာကိုယ်သည်ကား အလွန်ပေါ့နေသောကြောင့် လေဖြင့်တိုက်သည်နှင့် ယိမ်းယိုင်သွားမည်ကို တွေးပူမိခြင်းပင်။ ဧကရာဇ်ရဲ့ကြင်ယာတော်တစ်ယောက်က ကောင်းကောင်းစားစား၊ကောင်းကောင်းနေနိုင်ပါလျက်နဲ့ ဘာလို့များအင်အားနည်းသည့်ပုံပေါက်နေရတာပါလဲ။
ရုတ်တရက် လွန်ခဲ့သောအချိန်က ကြင်ယာတော်ပြောသည့်စကားကို အမှတ်ရလာသည်။
(ကျွန်တော်မျိုးရဲ့ မိခင်ကို သတိရလို့ပါ ...)
မရင်းနှီးတဲ့နေရာတစ်ခုကိုရောက်လာပြီး အချိန်နှင့်အမျှအသက်အန္တရာယ်ကို စိတ်ပူနေခဲ့ရသည့်အတွက် ထိုအချိန်မှာရင်းနှီးတဲ့လူတွေနဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေကို သတိရတတ်ကြသည်။ ကံကောင်းသည်က ကြင်ယာတော်ရဲ့ အရင်းနှီးဆုံးလူက သူ့မိခင်ဖြစ်နေသည်ကိုပဲ။
YOU ARE READING
Red Spider Lily's Lord
Fanfictionမရဏပန်းတို့အရှင်သခင်နှင့် သူ၏ကြင်ယာတော်~❤️ Warningပါတာမို့ clear shippersလေးတွေဆိုရင်ကျော်သွားပါနော်