Intro

1.7K 130 0
                                    

Unicode

Liar

*ဒုန်း*

ကျယ်လောင်စွာ အပိတ်ခံလိုက်ရတဲ့ အခန်းတံခါးနှင့်အတူ စောင့်တွန်းခံလိုက်ရတဲ့ သူ့ရဲ့ကျောပြင်က တံခါးနဲ့ တစ်သားတည်း...

သူ့နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ ထိုလူရဲ့နှုတ်ခမ်းတွေက အနမ်းမမြည်စွာ ကြမ်းတမ်းပေမယ့် သူသဘောကျနေတုန်းပဲ... ဒီလိုပါပဲ... သူ့နှုတ်ခမ်းကို နမ်းတိုင်း ငြင်သာတယ်ဆိုတာကို မရှိခဲ့... အခုလို သူ့ကို လိုချင်နေတဲ့အချိန်ဆို ငြင်သာမှုဆိုတာ ပိုလို့ဝေး...

ခပ်ပြင်းပြင်းစုပ်ယူခံနေရတဲ့ နှုတ်ခမ်းသားတွေက ကျိန်းစပ်လာပေမယ့် တစ်ဖက်လူက ရပ်တန့်ဖို့ရာမရှိ... သူကိုယ်တိုင်လည်း ရပ်တန့်ဖို့ရာ မတောင်းဆိုမိ...

သူ့ခံတွင်းထဲ တိုးဝင်လာတဲ့ လျှာဖျားကို သူ့လျှာနဲ့ပြန်လည်ရစ်ပတ်နေလိုက်သည်။ ကြာရှည်စွာ ထိကပ်နေတဲ့ နှုတ်ခမ်းတွေကြောင့် အသက်ရှုမဝချင်တော့...

သူ့နှုတ်ခမ်းတွေဆီက ဆုတ်ခွါသွားတဲ့ ထိုလူရဲ့ဦးတည်ရာက သူ့လည်တိုင်ဆီ... လျှာဖျားနဲ့ လျက်လိုက် သွားနဲ့ဖွဖွကိုက်လိုက်နဲ့ ထိုလူက သူ့လည်တိုင်တွေကို အတော်သဘောကျပုံရသည်။

အချိန်ကြာလာတဲ့ အနမ်းတွေရဲ့ရလဒ်က နှစ်ယောက်လုံးကိုယ်ပေါ်မှာ အဝတ်မကပ်တော့ခြင်းပင်... ကုတင်ပေါ်မှာ ပူးကပ်နေတဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေက တစ်ယောက်ကိုတစ်ယောက် လိုချင်နေကြသည်။

ဆက်သွယ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မီးတမျှ ပူလောင်နေသည်။ ဦးဆောင်တဲ့ ထိုလူက အပေါ်က စီးမျောတဲ့ သူက အောက်က... ဒါပေမယ့် နှစ်ယောက်လုံးကတော့ လောကစည်းစိမ်ကို ထပ်တူမျှဝေနေကြသည်။

နှုတ်ခမ်းပါးတွေဆီက ထွက်လာတဲ့ ညည်းသံသဲ့သဲ့က နားမပါတဲ့ နံရံတွေမှာဆီမှာ ထင်ဟပ်နေသည်။ ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီက လိုက်ကာပါးက တလွင့်လွင့်... တိုက်ခတ်နေတဲ့ လေပြေအေးက သူတို့ရဲ့ ရမ္မက်မီးကို မငြိမ်းအေးစေနိုင်ဘူး။

ပြီးဆုံးသွားတော့ မောဟိုက်နေတဲ့ခန္ဓာကိုယ်တွေကို အနားပေးဖို့ရာ ကုတင်ပေါ်လှဲအိပ်လိုက်ကြသည်။ မျက်နှာကြတ်ကိုကြည့်နေတဲ့ သူ့မျက်ဝန်းတွေဆီက မျက်ရည်တွေဟာ သာယာမှုကြောင့်ဖြစ်တည်လာခြင်း...

Liar (Season 1) [MarkHyuck]Where stories live. Discover now