Four

1K 123 2
                                        

Unicode

Liar

"သွားကြရအောင် ဒုန်ဟျော့..."

Reference စာအုပ်တွေ ပိုက်ပြီး အာရုံလွင့်နေတဲ့ ဒုန်ဟျော့က ဂျယ်နိုအသံကြားမှ အသိစိတ် ပြန်ကပ်သည်။

"ဪ... အင်း..."

"မင်း အဆင်ပြေရဲ့လား?"

မျက်နှာရိပ် ဖမ်းတတ်တဲ့ ဂျယ်နိုက သူ့ကိုအဆင်ပြေကြောင်း မေးသည်။

"အင်း..."

"မာ့ခ်နဲ့ အဆက်အသွယ် လုပ်ဖြစ်လား?"

"ဟင့်အင်း... ဟိုနေ့ကတည်းကပဲ"

"မင်းသူ့ကို မေးကြည့်သင့်တယ် ဒုန်ဟျော့... ဒါမျိုးကိစ္စက ကြာကြာထားလို့ မကောင်းဘူး...အာ... ဆောရီး... ဒီစကားက မင်းတို့ကြားထဲ ဝင်ရှုပ်သလို ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်"

"မဟုတ်တာ... မင်းက ငါ့အတွက်ပြောတယ်ဆိုတာ ငါသိပါတယ်... ငါလည်း မေးကြည့်မှာပါ... ငါ့အတွက်လည်း အချိန်တစ်ခုလိုလို့..."

မာ့ခ်ဘက်က ပြန်ပေးလာမယ့် အဖြေအတွက် စိတ်အဆင်သင့် ဖြစ်နိုင်အောင်လို့လေ...

"အများကြီးလည်း မတွေးပါနဲ့... over thinking ကလည်း လူကို ထိခိုက်စေတယ်"

"အင်းပါ"

Library က ပြန်တော့ ဂျယ်နိုက သူ့အစ်မနဲ့ ချိန်းထားတာရှိတယ်ဆိုပြီး အပြင်သွားသည်။ ဂျယ်နိုလည်းမရှိ ဂျယ်မင်းလည်းမရှိတော့ သူ အတန်းမတက်ချင်တော့... ကံကောင်းတာက နောက်ဆုံးအချိန်က Minor မို့ မတက်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။

အဆောင်မှာနေရတာလဲ ငြီးငွေ့တာကြောင့် ဘတ်စ်ကားစီးပြီး အနီးအနားက shopping mall တစ်ခုထဲ လျှောက်သွားနေလိုက်သည်။ စိတ်ပြေလက်ပျောက်ပေါ့...

အင်္ကျီဆိုင်တွေထဲ ဝင်ကြည့်ပြီး တစ်ခုမှလည်း မဝယ်နိုင်... 1 တို့ 2 တို့ နောက်မှာ ကပ်လိုက်လာတဲ့ သုည အရေအတွက်က သူ့ထမင်းတစ်လစာ နီးပါးရှိတာကိုး...

သာမာန်လူတန်းစားဖြစ်တဲ့ သူ့အဖို့ ဒါမျိုးတွေဝယ်ဝတ်နိုင်ဖို့ အများကြီး ကြိုးစားရဦးမှာ...

'ဒီဟာ လှလား? ဒီဟာ လှလား?'

"နှစ်ခုလုံးနဲ့ အဆင်ပြေသားပဲ"

Liar (Season 1) [MarkHyuck]Where stories live. Discover now