Eight

883 111 3
                                    

Unicode

Liar

ဒီနေ့နဲ့ဆို မာ့ခ်နဲ့ ဒုန်ဟျော့ လမ်းခွဲပြီးတာ ၁ပတ်တိတိပြည့်ပါပြီ။ ဒုန်ဟျော့ ညတိုင်း ကြိတ်ငိုရတာလဲ ၁ပတ်ပြည့်ပြီပေါ့...

လမ်းခွဲခြင်းရဲ့အကျိုးရလဒ်က မနက်တိုင်းမို့ဖောင်းနေတဲ့ မျက်လုံးတွေရယ်... သိပ်မပြုံးနိုင်တော့တဲ့ နှုတ်ခမ်းတွေရယ်... တစ်ချိန်လုံး လေလွင့်နေတဲ့ စိတ်ရယ်... အကောင်းတိုင်း မကျန်ခဲ့တော့တဲ့ နှလုံးသားတစ်စုံရယ်...

ဒါပါပဲ... ကျန်တာကတော့ ပုံမှန်လိုမျိုးပဲပေါ့... ထင်ရတာပဲ...

ဒါပေမယ့် တစ်စတစ်စတိုးလာတဲ့ လွမ်းတဲ့စိတ်ကိုတော့ သူဖြေဖျောက်လို့မရသလို ဖြေဖျောက်ဖို့လည်း မကြိုးစားပါဘူး။ ဒါဟာ မာ့ခ်နဲ့ပတ်သတ်လို့ သူလက်ရှိပိုင်ဆိုင်နေတဲ့ အရာတစ်ခုတည်းလေ... ဒီစိတ်လေးမှာ မလွှတ်ပေးထားရင် သူရူးသွားမယ်ထင်တယ်။

မပိုင်လည်းမပိုင် မဆိုင်လည်းမဆိုင်တဲ့ မာ့ခ်ကို မျက်တောင်ခတ်တိုင်း အသက်ရှုတိုင်း သူသိပ်လွမ်းပါသည်။

မာ့ခ်ရဲ့လုပ်ရက်ကို ခွင့်လွှတ်နိုင်တာတော့ မဟုတ်ပေမယ့် နာကြဥ်းတဲ့အဆင့်ထိတော့ သူမလုပ်နိုင်ပါ။ ဘယ်လုပ်နိုင်ပါ့မလဲ... သူက စချစ်ရသူလေ...

သေမလောက် နာကျင်နေတာတောင် မာ့ခ်နဲ့ပတ်သတ်တဲ့ သေးသေးဖွဲ့ဖွဲ့လေးတွေကို ပွေ့ဖက်ထားချင်တုန်းပဲ...

"ဒုန်ဟျော့!!"

လက်မောင်းကို လှုပ်ပြီး သူ့နာမည်ကိုအော်ခေါ်တဲ့ ဂျယ်နိုရဲ့အသံကိုကြားမှ အသိစိတ်ပြန်ကပ်သည်။ အတန်းပြီးသွားတဲ့အထိ စားပွဲခုံပေါ်မှာ တင်ထားတဲ့ Note စာအုပ်က အလွတ်အတိုင်း...

"အဆင်ပြေရဲ့လား?"

စိတ်ပူစွာ မေးတဲ့ ဂျယ်နိုကို သူပြုံးပြီး ခေါင်းငြိမ့်ပြပါသည်။ အပြုံးက အရမ်းကြီး အသက်မပါပေမယ့်ပေါ့...

"သွားရအောင်... ဂျယ်မင်းက ဒီညနေ အပြင်မှာ ညနေစာ အတူတူစားဖို့ ပြောထားတာ မှတ်မိတယ်မလား?"

"အင်း..."

"ဒါဆို မြန်မြန်လာ... နောက်ကျရင် ဟိုက စိတ်ကောက်နေဦးမယ်"

Liar (Season 1) [MarkHyuck]Where stories live. Discover now