Nine

1K 115 31
                                        

Unicode

Liar

ခရစ်စမတ်ရောက်ဖို့ ၁ပတ်သာ လိုတော့တာကြောင့် နေရာတိုင်းလိုလိုမှာ ခရစ်စမတ်အပြင်အဆင်တွေကို တွေ့နေရပြီဖြစ်သည်။ ရှော့ပင်းမောလ်တွေ ကော်ဖီဆိုင်တွေ လမ်းမတွေမှာ ခရစ်စမတ်သီချင်းတွေ ပျံ့လွင့်ပြီး ရာသီဥတုကလည်း တဖြည်းဖြည်း အအေးပိုလာပြီ ဖြစ်သည်။

ဒုန်ဟျော့ အလုပ်ရှုပ်နေတာ လွန်ခဲ့တဲ့ ၂ရက်ထဲက ဖြစ်သည်။ ခရစ်စမတ်ကြောင့် သူလက်ရှိလုပ်နေတဲ့ အချိန်ပိုင်းအလုပ်မှာ အချိန်ပိုဆင်းရသည်။

လက်ရှိလုပ်နေတဲ့ အချိန်ပိုင်းအလုပ်က 24 hours စတိုးဆိုင် တစ်ခုမှာ ညနေပိုင်း casher ကိုင်ရတာဖြစ်သည်။ အရင်တုန်းက ကော်ဖီဆိုင် တစ်ဆိုင်မှာ စားပွဲထိုးနဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှာပါ တွဲလုပ်ခဲ့ပေမယ့် ကျောင်းပြီးဖို့နီးနေတာကြောင့် ထိုအလုပ်နှစ်ခုကနေ ဒုန်ဟျော့ ထွက်ခဲ့သည်။

ကော်ဖီဆိုင်မှာက လစာအတော်အသင့် ရပေမယ့် ပင်ပန်းလွန်းသည်။ ဒီကြားထဲ ဆိုင်က ၇နာရီ ကျော်အထိ အလုပ်ဆင်းခိုင်းတာကြောင့် ဒုန်ဟျော့ အမြဲတမ်း အဆောင်ပြန်နောက်ကျသည်။ ရေရှည်အတွက် သိပ်အဆင်မပြေတာကြောင့် စိတ်ဆုံးဖြတ်ပြီး ထွက်ခဲ့တာဖြစ်သည်။

စာအုပ်ဆိုင်မှာကကျ အများကြီးမပင်ပန်းပါ။ စာအုပ်စီတာရယ် casher ကိုင်တာရယ်ပဲ ရှိပေမယ့် လစာက နည်းတာကြောင့် ထွက်ခဲ့တာဖြစ်သည်။ နောက်ဆုံးတော့ အလယ်အလတ် ဖြစ်တဲ့ 24 hours စတိုးဆိုင်အလုပ်သာ သူ့မှာ ရှိတော့သည်။

ကျောင်းပြီးရင်တော့ ဒီ့ထက်ကောင်းတဲ့ အလုပ်လေးတစ်ခု ရအောင်ရှာဖို့ ဒုန်ဟျော့အားခဲထားသည်။ မရလို့ မဖြစ်ပါ။ ကျောင်းပြီးတာနဲ့ ကျောင်းအဆောင်က ဖယ်ပေးရတော့မှာမို့ သူ့အတွက် စားစရိတ်အပြင် နေစရိတ်ပါ ထပ်တိုးလာပြီလေ... နောက်ဆို သူပိုပြီး အလုပ်ကြိုးစားမှ ဖြစ်တော့မည်။

အခုလည်း စတိုးဆိုင်ကနေ ပြန်လာတော့ ၇နာရီခွဲနေပြီဖြစ်သည်။ ဒီနေ့က အချိန်ပိုဆင်းရတဲ့အပြင် ခရစ်စမတ်အတွက် ဆိုင်ကို decoration တွေပါ ဆင်ရတော့ လူက နှစ်ဆ ပင်ပန်းနေသည်။

Liar (Season 1) [MarkHyuck]Where stories live. Discover now