Seven

995 126 11
                                    

Unicode

Liar

"ငါတို့ တွေ့ကြရအောင်..."

သူကိုယ်တိုင်တောင် မသိလိုက်တဲ့ သူ့ရဲ့ လမ်းခွဲခြင်းအကြောင်းရင်းကို မေးရတော့မည်လေ...

"အေး... ငါလည်း ပြောပြစရာ ကိစ္စတွေရှိလို့ ဖုန်းဆက်လိုက်တာ...အဆောင်မှာစောင့်နေမယ်"

*တီ*

ဖုန်းစခရင်လေးမပိတ်ခင် မြင်လိုက်တဲ့ Contact Name က "နာနာဂျယ်" တဲ့...

တုံးတိပြောပြီး ဖုန်းချသွားတဲ့ ဂျယ်မင်းရဲ့ အသံက အေးစက်လွန်းတာ သူသတိထားမိပါသည်။ အဲ့လိုဖြစ်အောင် လုပ်ခဲ့တဲ့ တရားခံက သူကိုယ်တိုင်ပဲလေ...

"ဒုန်ဟျော့!!!"

သူ့နာမည်ရဲ့ ခေါ်သံကိုကြားပေမယ့် မတုံ့ပြန်မိ... အားမရှိသလိုမျိုး နွမ်းဖတ်နေတဲ့ ခန္ဓာကိုယ်ကို နည်းနည်းလေးတောင် မလှုပ်ချင်...

သူဒီကြမ်းပြင်မှာ ထိုင်နေတာ ၁၅ မိနစ်လောက် ရှိပြီဖြစ်သည်။ ပါကင်ကနေထွက်သွားတဲ့ ကားထဲက လူတိုင်းက သူ့ကို ဘာလုပ်နေတာလဲ ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်သွားကြသည်။

သူသိပါသည်။ ဘယ်လိုပဲကြည့်ကြည့် အခုချိန်မှာ သူ့ကို အရူးလို့ထင်ကြမှာပဲ... ဒီလိုပုံစံ ဒီလိုအနေအထားကိုမှ အရူးလို့မထင်ရင် သူတော်စင်လို့ ထင်ပါ့မလား?

"ဒုန်ဟျော့!!! ဒီမှာရှိနေတာလား?"

ထိုင်နေတဲ့ သူ့အနားကို လာပြီး စကားပြောသူက ဂျယ်နို... သူဒီမှာ ရှိနေမယ်ဆိုတာ လိုက်မေးနေစရာမလိုအောင် သိနေပြီးသားပဲ ဖြစ်မှာပေါ့...

"ဒီလိုထိုင်နေတာ ဘယ်လောက်တောင် ကြာပြီလဲ? လာ... အဆောင်ကို ပြန်ရအောင်... ငါ professor ကို နေ့ဝက် ခွင့်တိုင်ပေးထားတယ်... ပြီးတော့ အဆောင်မှာ ဂျယ်မင်း ရောက်နေတယ်..."

တစ်ချိန်လုံး ကျောက်ရုပ်လို ငြိမ်နေခဲ့တဲ့ ဒုန်ဟျော့က ဂျယ်မင်းဆိုတဲ့ နာမည်ကြားမှ ဂျယ်နိုကို လှည့်ကြည့်လာသည်။

"အင်း..."

ကြမ်းပြင်မှာ အကြာကြီးထိုင်နေခဲ့တဲ့ ဒုန်ဟျော့က မတ်တပ်နိုင်ရပ်ဖို့ ဂျယ်နိုရဲ့ အကူအညီယူရသည်။ ဖြည်းဖြည်းချင်း ထတာတောင် နာကျင်နေတဲ့ ခြေထောက်ကြောင့် ခွေပြီး ပြန်လဲကျသည်။

Liar (Season 1) [MarkHyuck]Where stories live. Discover now