Thirteen (End)

1.3K 130 17
                                    

Unicode

Liar

"ဟင်း... အင်း..."

"နိုးပြီလား ဒုန်ဟျော့..."

နိုးနိုးချင်း အုံခဲနေတဲ့ ခေါင်းကိုကိုင်ရင်း ညီးတွားနေတုန်း ဂျယ်နိုရဲ့မေးသံကို ကြားတော့ ဒုန်ဟျော့ မျက်လုံး ဖွင့်ကြည့်မိသည်။ မပွင့်တပွင့်နဲ့ မျက်လုံးကြောင့် အမြင်အာရုံတွေ ဝေဝါးနေသည်။

"အဆင်ပြေရဲ့လား? ညက ဘာလို့ ဒီလောက်တောင် သောက်တာလဲ?"

"ငါဘယ်လို ပြန်ရောက်လာတာလဲ?"

"အစ်မဆီက ပြန်လာပြီး မင်းဆီဖုန်းဆက်တော့ စတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားလေးက ဖုန်းကိုင်တယ်လေ... ဆိုင်လဲရောက်ရော ပုလင်းတွေကြားထဲမှာ မှောက်နေတာကို တွေ့တာပဲ..."

နားထင်ကိုဖိရင်း ဂျယ်နိုပြောပြတဲ့ အကြောင်းအရာတွေကို စဥ်းစားပေမယ့် သူ့ခေါင်းထဲမှာ တစ်ခုမှ ပေါ်မလာ... ဘယ်ပေါ်လာမလဲလေ... သူသောက်ခဲ့တာ နည်းတာမှမဟုတ်တာ... သူ့ဘဝမှာ တစ်ယောက်တည်း အဲ့လောက်သောက်ဖူးတာ ပထမဆုံးဖြစ်မည်။

"နိုးရင်ထပြီး လန်းသွားအောင် ရေချိုးတော့... ငါ ပဲပင်ပေါက်ဟင်းရည်ချက်ထားတယ်... ခေါင်းကြည်အောင် ထမင်းနဲ့စားလိုက်"

ဂျယ်နို ပြောသလိုလုပ်ဖို့ စောင်ပုံထဲကထွက်ရင်း ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ မူးနောက်နေသေးတဲ့ ခေါင်းကြောင့် သူဘာမှ မတွေးနိုင်သေးပါ။ အတိတ်မေ့သွားလောက်အောင် သောက်ခဲ့တဲ့ သူ့ကိုယ်သူ စိတ်ထဲက ကျိန်ဆဲမိသည်။

နောက်ဘယ်တော့မှ အရက်မသောက်တော့ဘူး

ဒါဟာ အရက်သောက်ပြီးတဲ့ နောက်နေ့မနက်မှာ လူတိုင်းပြောတဲ့စကားပင်...

"မြန်မြန်လာ... ဟင်းရည် ပူအောင် ပြန်နွှေးထားတယ်..."

ထမင်းစားပွဲဝိုင်းမှာ စောင့်နေတဲ့ ဂျယ်နိုကြောင့် စိုနေတဲ့ ခေါင်းကိုသုတ်ရင်း စားပွဲဝိုင်းမှာ ထိုင်လိုက်သည်။

"အွန်း... လန်းသွားတာပဲ"

ဟင်းရည်တစ်ဇွန်း ခပ်သောက်ပြီးပြောတော့ ဂျယ်နိုက ပြုံးပြသည်။ ကွေးသွားတဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ဒုန်ဟျော့လည်း လိုက်ပြုံးမိသည်။

Liar (Season 1) [MarkHyuck]Where stories live. Discover now