Two

1.1K 120 0
                                    

Unicode

Liar

လွန်ခဲ့သော ၁၇နာရီ

စက်တင်ဘာလ ၂၀ရက်နေ့

ဒီနေ့က မာ့ခ်နဲ့ ဒုန်ဟျော့တွဲတာ ၁နှစ်တိတိပြည့်တဲ့နေ့ဖြစ်သည်။

ဒီနေ့က anniversary နေ့ ဆိုတာ သူလုံးဝမမေ့ပါဘူး။ ဘာလို့ဆို လတိုင်း သူကချည်းပဲ အမြဲစပြီး စာပို့တတ်တာကိုး... ၁လပြည့်ကစပြီး ၁၁လပြည့်အထိ သူကပဲစပြီး စာပို့တယ်... သူကပဲစပြီး ဖုန်းဆက်တယ်...

မအားလို့ဆိုပြီး reply မရတဲ့ message တွေရယ်... အလုပ်များလို့ဆိုပြီး ချပစ်ခံရတဲ့ ဖုန်း call တွေကတော့ သူ့ကို လှောင်ရယ်နေမှာပေါ့...

ဒီလိုကိစ္စတွေ သူတို့ကြားမှာ ဖြစ်နေခဲ့တာ လွန်ခဲ့တဲ့ ၃လလောက်ကတည်းကဖြစ်သည်။ သိသိသာသာ ပြောင်းလဲလာတဲ့ မာ့ခ်ရဲ့ပုံစံကြောင့် သူလည်း မွန်းကျပ်ခဲ့သည်။

၁နှစ်ပြည့်မှာတော့ သူ့ဘက်ကစပြီး စာမပို့သလို ဖုန်းလည်းမဆက်ပါဘူး။ သူ့ဘက်က ဘာမှမလုပ်ရင် မာ့ခ်ဘက်က တစ်ခုခုများထူးခြားလာမလားဆိုပြီး စောင့်ကြည့်နေခဲ့တာဖြစ်သည်။

ဒါပေမယ့် မနက်ကတည်းက အခုည၇နာရီအထိ မာ့ခ်က သူ့ကို ဘာအဆက်အသွယ်မှ မလုပ်ခဲ့ပါဘူး...

တစ်နေ့လုံး စိတ်လေလွင့်လေလွင့်နေခဲ့တဲ့ ဒုန်ဟျော့က ၇နာရီထိုးထိ ကျောင်းအဆောင်ကို မပြန်ဘဲ ကျောင်းပန်းခြံမှာ ထိုင်နေခဲ့တာ ဖြစ်သည်။ ၇နာရီစွန်းစွန်းမှာ message တစ်စောင် ရောက်မလာခင် အထိ...

*တင်း တင်*

@onyourm__ark
အခု ဘယ်မှာလဲ?

@fullsundonghvck
အဆောင်မှာ

တစ်နေ့လုံး ဘာအဆက်အသွယ်မှ လုပ်မလာတဲ့ မာ့ခ်က ဘယ်မှာလဲဆိုတဲ့ စာတစ်စောင်ပို့ပြီး ဘာမှထပ်မပို့လာတော့... သူပြန်ပို့တဲ့ စာကိုတော့ ဖတ်သွားသည်။

ဘာစာမှပို့မလာတော့တဲ့ conversation တစ်ခုကို သူ၁၀မိနစ်လောက်ထိ ကြည့်နေခဲ့သည်။ မျှော်လင့်ထားသလို ဖြစ်မလာဘဲ သူတို့ရဲ့ 1 year Anniversary က ဒီလိုပဲ ပြီးဆုံးတော့မယ် ထင်ပါရဲ့။

လက်ထဲကဖုန်းကို power ပိတ်ပြီး အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။ ရာသီဥတုက အေးလာပြီမို့ အပြင်မှာမထိုင်ချင်တော့သလို မလာမယ့်လူတစ်ယောက်ကိုလည်း ဆက်မစောင့်ချင်တော့ဘူးလေ...

Liar (Season 1) [MarkHyuck]Where stories live. Discover now