Unicode
Liar
မဖွင့်ရသေးတဲ့ မျက်လုံးတွေက အလင်းရောင်ကိုခံစားမိသည်။ မနက်ရောက်ပြီ ဆိုတဲ့အသိနဲ့အတူ ခံစားမိလိုက်တာက ခါးအောက်ပိုင်းက နာကျင်မှုနှင့်အတူ အဝတ်မကပ်တဲ့ သူ့ခန္ဓာကိုယ်...
ချက်ချင်းမထနိုင်သေးလို့ စောင်နဲ့လုံးထွေးနေရင်း တဖက်ခြမ်းကို လှည့်လိုက်သည်။ ချစ်ရသူရဲ့ မျက်နှာကို မြင်လိုက်ရမယ် ထင်ခဲ့ပေမယ့် တကယ်တမ်းတွေ့လိုက်ရတာက နေရာလွတ်တစ်ခုသာ...
ဘယ်တုန်းကထသွားမှန်းမသိလိုက်အောင် သူတော်တော်အိပ်ပျော်နေခဲ့တာပဲ...
ရေချိုးခန်းဘက်ကို နားစွင့်ကြည့်ပေမယ့် ဘာသံမှမကြားရ... ရေချိုးနေတာ မဟုတ်ဘူးလားဆိုတဲ့ အတွေးက ကုတင်ဘေးက စားပွဲခုံပေါ်မှာတင်ထားတဲ့ စာရွက်လေးတစ်ရွက်ကို မြင်တော့ ပျောက်ကွယ်သွားရသည်။
ကုတင်အောက်မှာ ပျံ့ကြဲနေတဲ့ သူ့ရဲ့ အင်္ကျီနဲ့ ဘောင်းဘီကိုကောက်စွပ်ပြီး ထိုစာရွက်ကို လှမ်းယူလိုက်သည်။
Sorry babe
ကိုယ်ဒီနေ့ အရေးတကြီးကိစ္စတစ်ခုနဲ့ ချိန်းထားတာ ရှိလို့ အမြန်ပြန်သွားရတယ်
မနက်စာကို ကိုယ်ပီဇာမှာပေးထားတယ်
စားသွားနော်၅ကြောင်းထက်မပိုတဲ့ message တစ်ခုမှာ အကြောင်းအရာ၂ခုပဲပါတယ်။ တစ်ခုက မာ့ခ်မှာ အရေးကြီးချိန်းထားတာ ရှိတယ်ဆိုတာရယ် နောက်တစ်ခုက...
*တင်း တင်*
သူ့အတွက် ပီဇာမှာထားပေးတယ်ဆိုတာရယ်...
"ကျေးဇူးတင်ပါတယ်"
Delivery လာပို့တဲဲ့ ဦးလေးကြီးကို ကျေးဇူးတင်စကားပြောပြီး ပီဇာဘူးကို လက်ခံလိုက်သည်။ မီးဖိုချောင်ထဲက စားပွဲခုံပေါ်မှာ ပီဇာဘူးကို တင်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ သူမျက်နှာတောင် မသစ်ရသေးဘူးမလား...
မျက်နှာသစ်လိုက်တော့ လန်းသွားသလို ရှိပေမယ့် ခါးအောက်ပိုင်းကနာကျင်မှုကတော့ ရှိနေသေးသည်။ ဘေစင်က မှန်ကိုကြည့်တော့ လည်ပင်းမှာ အနီရင့်ရောင် အမှတ်အသားတွေ...

YOU ARE READING
Liar (Season 1) [MarkHyuck]
Fanfiction"ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိတယ်ပါတယ်, မဟုတ်ဘူးလား?" "ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိတယ်ပါတယ်, မဟုတ်ဘူးလား?" MarkHyuck 1st Book (MarkHyuck 1st Myanmar Full FanFic) Start Date - 1. 1. 2022 End Date - 16. 2. 2022 |Completed|