Eleven

919 120 7
                                    

Unicode

Liar

"မင်း ရူးသွားပြီပဲ"

ပြောစရာစကားပျောက်ဆုံးနေတဲ့ ဒုန်ဟျော့က အချိန်တော်တော်ကြာမှ ထိုစကားကို ပြောလာသည်။

"ဘာလို့ ဒီလို လိမ်ပြောလိုက်ရတာလဲ? ဒီလိုလုပ်လိုက်လို့ ဘယ်သူ့အတွက်မှ ကောင်းသွားတာ မရှိဘူးလေ..."

"ငါ အမှန်အတိုင်းပြောလိုက်ရင်ရော ဂျယ်မင်းအတွက် ကောင်းသွားတာ ဘာရှိမှာလဲ?"

"မင်းတို့နှစ်ယောက် တိုင်ပင်ပြီး ဘဝတစ်ခု ထူထောင်နိုင်တယ်လေ... တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင် ဘာလိုသေးလို့လဲ?"

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်။ ဒီနှစ်ချက်နဲ့တင် ဂျယ်မင်းကို ဝန်ခံဖို့ လုံလောက်နေပြီကို ဂျယ်နိုဘာလုပ်လိုက်လဲ ဒုန်ဟျော့မစဥ်းစားနိုင်တော့...

"အချစ်တစ်ခုထဲနဲ့ အရာအားလုံးကို တည်ဆောက်လို့ မရနိုင်ဘူး... ငါ ဝန်ခံလိုက်ရင် ဂျယ်မင်းက တစ်စွတ်ထိုး လုပ်ပြီး ငါ့နောက်ကို လိုက်လာတော့မှာ... အဲ့အခါကျ သူ့အသိုင်းအဝိုင်းမှာ သူ့မိဘ တွေ ဘယ်လိုဖြစ်ကုန်မလဲ? သူ့တက်လမ်းရော ဘယ်လိုဖြစ်သွားမလဲ? ငါ သူ့ကို အဲ့လိုမျိုး အထိအခိုက်မခံနိုင်ဘူး"

"အခု လိမ်ပြောလိုက်တော့လည်း ဂျယ်မင်းက တစ်စွတ်ထိုး လုပ်သွားတာပဲ မဟုတ်ဘူးလား? အဲ့ဒါ သူ့ပုံစံပဲလေ... ဒါကို ကောင်းကောင်းသိတဲ့ မင်းက သူ့ကိုသေချာ ဖျောင်းဖျရမှာ... လိမ်လိုက်တာ ပိုပြီး မဆိုးသွားဘူးလား? ဒီလို လိမ်လိုက်တော့ရော ဂျယ်မင်းက မထိခိုက်သွားဘူးတဲ့လား? သူအခုဘယ်လောက်တောင် စိတ်ဒဏ်ရာရနေမလဲ? ဒါတွေကိုရော မင်းမတွေးဘူးလား?"

"....."

ဒုန်ဟျော့ရဲ့ ပြောစကားတွေက အကုန်လုံးမှန်နေတာမို့ ဂျယ်နိုပြန်မချေပနိုင်တော့... ဂျယ်မင်းထိခိုက်မှာစိုးလို့ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး သူလုပ်လိုက်တဲ့ လုပ်ရပ်က ဂျယ်မင်းကိုအရင်ဆုံး ထိခိုက်စေတယ်ဆိုတာကို သူမေ့သွားခဲ့သည်။

သူဟာ တုံးအပြန်ပါပြီ။

"ငါ ဖုန်းဆက်တာ မကိုင်ဘူး... ဒီညနေ သူ့အိမ်လိုက်သွားကြည့်မယ်..."

Liar (Season 1) [MarkHyuck]Where stories live. Discover now