Unicode
Liar
"ကျွန်တော်တို့ ပြန်တွဲကြမလား?"
ဒုန်ဟျော့ရဲ့ စကားသံက သူ့ရင်ခုန်သံတွေအတိုင်း တုန်ရီနေသည်။ သူပြန်လိုချင်တယ်... သူ့ကိုမနွေးထွေးရင်တောင် သူ့ကိုရုမစိုက်ရင်တောင် မစွန့်လွှတ်ချင်ဘူး... မစွန့်လွှတ်နိုင်ဘူး။
ဒီလူသားက သူ့ဘဝထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ တစ်ခုတည်းသောအရာပဲ... ဆုလာဘ်ပဲဖြစ်ဖြစ် ကျိန်စာပဲဖြစ်ဖြစ် သူမက်မောတယ်။ ထိတွေ့ချင်တယ်။
နာကျင်ရင်လည်း နာကျင်ပါစေ... တခြားလူလက်ထဲကို အပြီးအပိုင်ထည့်ပေးလိုက်ပြီး ငေးကြည့်နေတာမျိုးထက် နည်းနည်းလောက်ပဲဖြစ်ဖြစ် ထိတွေ့ခွင့် ရချင်မိသည်။ အဲ့လောက်ထိ သူရူးသွပ်နေပါပြီ။
"မင်းရူးနေလား ဒုန်ဟျော့? ငါက လူသိရှင်ကြား စေ့စပ်ထားတာနော်... မီဒီယာတွေအထိ..."
"သိတယ်... ကျွန်တော်သိတယ်... ဒါပေမယ့် ကျွန်တော်တို့ ဘယ်သူမှ မပြောဘဲနေရင်ရတာပဲလေ... ခင်ဗျားလည်း ဘယ်သူ့မှ မပြောနဲ့... ကျွန်တော်လည်း ဂျယ်မင်းတို့ကို မပြောဘူး... သူတို့ကလွဲလို့ ပြောပြစရာလူလည်း မရှိဘူး"
တစ်ချိန်က လူကြားထဲ အတူတူသွားလို့ လက်တွဲဖြုတ်ခံရတာကို ဝမ်းနည်းခဲ့တဲ့ကောင်လေးတစ်ယောက်က အခုတော့ တိတ်တိတ်လေးတွဲဖို့ ပြောနေလေရဲ့...
တောင်းဆိုနေတဲ့ဒုန်ဟျော့က မာ့ခ်ပေးလာမယ့်အဖြေအတွက် စိတ်လှုပ်ရှားနေသည်။ လက်အချင်းချင်းကို ပွတ်သပ်နေပြီး မာ့ခ်ကို အကြည့်ချင်း မဆုံဘဲ သူ့ဖိနပ်လေးကိုသာ ငုံ့ကြည့်နေသည်။
Reply ပြန်မလာတဲ့ message တွေ...
ချချပစ်တဲ့ ph call တွေ...
မနွေးထွေးမှုတွေ...
လျစ်လျူရှုမှုတွေ...
ဝမ်းနည်းမှုတွေ...
မျက်ရည်တွေ...ရယ်စရာကောင်းပေမယ့် ဒုန်ဟျော့ဒါတွေအကုန် ပြန်လိုချင်သည်။ မပျော်ရွှင်ရဘူးဆိုပေမယ့် အနည်းဆုံးတော့ အကြောင်းပြချက်က မာ့ခ်ဖြစ်နေတယ်လေ...
လုံလောက်သည်။ သူမပျော်ရွှင်ရတဲ့ အကြောင်းပြချက်က မာ့ခ်ဖြစ်နေရင် သူတစ်သက်လုံး မပျော်ရွှင်ရလည်း လုံလောက်ပါသည်။
YOU ARE READING
Liar (Season 1) [MarkHyuck]
Fanfic"ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိတယ်ပါတယ်, မဟုတ်ဘူးလား?" "ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိတယ်ပါတယ်, မဟုတ်ဘူးလား?" MarkHyuck 1st Book (MarkHyuck 1st Myanmar Full FanFic) Start Date - 1. 1. 2022 End Date - 16. 2. 2022 |Completed|