1

46.2K 1.6K 81
                                    

Unicode

ဝမ်ရိပေါ်လို ရွှေဘုံစံ သခင်ငယ်လေးတယောက်အတွက် အဆောင်မှာသွားနေရမယ်ဆိုတဲ့ ပါးပါးရဲ့အမိန့်ကြီးက "မင်းလူတွေကြားထဲ ဒုက္ခသွားခံကြည့် " လို့ပြောလိုက်သလိုပင်။ တကယ်လဲ ပါးပါးက သူ့ကို ယောက်ကျားလေးသီးသန့်အဆောင်ကိုပို့ခဲ့တာ။ အထက်တန်းနောက်ဆုံးနှစ်ကို ကျောင်းကောင်းကောင်းမှာ မဝင်နိုင်ရင် တဦးတည်းသော မိတဆိုးသားလေးကိုတောင် ချမ်းသာမပေးတော့မည့်ဟန်တူ၏။

ဝမ်ရိပေါ်ဆိုတာကလဲ ဘယ်သူမို့လဲ ။ ဝမ်မင်းရန်ရဲ့သားပီပီ အကြောတင်းချက်ကလက်လန်တယ်။ အဖေရော သားရောက ပုံစံခွက်တစ်ခုထဲ။  သွားနေဆိုတော့လဲ နေတာပေါ့။ ပိုတောင်လွတ်လပ်သေးတယ်။ ပါးပါးကတော့ သုံးဖြုန်းပျော်ပါးနေတတ်သည့်သူ့ကို မုန့်ဖိုးကအစ ကန့်သတ်လိုက်ကာ သင်ခန်းစာပေးချင်တဲ့သဘောဖြင့် ရာထူးချလိုက်သော်လည်း ဝမ်ရိပေါ်အတွက်ကတော့ လိပ်ကိုရေထဲလွှတ်လိုက်သလိုပင်။
ငွေရေးကြေးရေးလား မပူပါဘူး။ ဩဇီက အန်တီလေးကို လှမ်းတောင်းမှာပေါ့။ 

"ငါ ဒီနှစ်အဆောင်မှာနေရမယ်တဲ့ဟေ့
မင်းတို့လဲ အိမ်ကိုပြောပြီးငါနဲ့လိုက်နေကြ "

ဤသို့ ကြေညာမောင်းခတ်လိုက်တာနှင့် ကဲဖော်ကဲဖက်သူငယ်ချင်းတသိုက်လဲ အော်တိုအဆောင်နေမယ်ဖြစ်ကုန်တယ်။ အထုတ်အပိုးတွေသယ်လို့ ပျော်ပျော်ပါးပါးကြီးပြောင်းကြရွေ့ကြပေါ့။ အဆောင်က ၈ယောက်တခန်းနေရတာ ဖြစ်ကာ နှစ်ထပ်ခုတင်၄လုံးထည့်ထားပေးပြီးနေရတာဖြစ်တယ်။ သူတို့အဖွဲ့က ၇ယောက်မို့ လူစိမ်းတယောက်ကတော့ သူတို့အခန်းထဲပါလာတော့မှာဖြစ်တယ်။ ဒါပေမဲ့ ဝမ်ရိပေါ်က မပူပါဘူး။ ကိုယ်အတန်းထဲကလူတွေ အားလုံးကိုသိနေတာပဲမို့ ဘယ်သူလာလာ အေးဆေးပင်ဖြစ်တယ်။

ဒါပေမဲ့ သူမထင်ထားခဲ့တဲ့ လူတယောက်က ဘဝထဲကို ရိုးရှင်းစွာပင် စတင်ဝင်ရောက်လာခဲ့ပါတယ်။

"အားလုံးမဆူကြနဲ့ .. ကိုယ်နေရာကိုယ်ထိုင်ကြစမ်း "

"ကျောင်းသားအသစ်နဲ့ အားလုံးကိုမိတ်ဆက်ပေးရဦးမယ်။ သူလေးက ဒီနှစ်ရဲ့ ပညာသင်ဆုရထားတဲ့ကလေးပေါ့ ရှောင်းကျန့်တဲ့။ သူက စာအရမ်းတော်တာနော် ...အားလုံး ‌ကြိုဆိုလိုက်ကြပါဦး "

I Hate How Much I Love You (Completed)Where stories live. Discover now