Unicode
၅နှစ်ခန့်ကြာသော် ..........
လက်ထဲမှာ ကိုင်လာတဲ့ ကိတ်ဘူးလေးကို အရိပ်တကြည့်ကြည့်နဲ့ လမ်းထဲဝင်လာခဲ့တယ်။ ဒီနေ့က ညီမလေး အလုပ်ရတဲ့နေ့ ။ သူတို့မောင်နှမတွေ အိမ်မှာဂုဏ်ပြုပွဲလေးလုပ်ဖို့စီစဉ်ထားတယ်။ ဒီ၅နှစ်အတွင်းမှာ ရှောင်းကျန့် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ အခက်အခဲတွေလဲ အများကြီးပါပဲ။ ဒါက အချစ်စစ်နဲ့ ချစ်ပေးခဲ့တဲ့ လူအပေါ်သစ္စာမဲ့ခဲ့မိလို့ ဘုရားက သူ့ကို ဒဏ်ခတ်တယ်နဲ့တူပါတယ်။
သူ့ရဲ့ လက်ထပ်ပွဲက အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့တယ်။ မင်္ဂလာပွဲ ပြီးခါနီးမှာပဲ သတို့သမီးရဲ့ ချစ်သူဆိုတဲ့လူက ဒေါသတကြီးပေါ်လာခဲ့တာ။
ခွပ် ~~~~
"ငါ့ချစ်သူကိုလုတဲ့ကောင် !!! သေစမ်း "
"ကို ...မလုပ်နဲ့ !!! ကိုအထင်လွဲနေပြီ "
"တောက် !!! ဖယ်စမ်းပါ သစ္စာဖောက်မ "
အားလုံးမျက်နှာစုံညီရှင်းကြတော့ ရှောင်းကျန့်က မဆီမဆိုင်ပါပဲ အထိုးခံလိုက်ရတယ်။ တဖက်လူက မူးယစ် လျို့ဝှက်ထောက်လှမ်းရေးက အရာရှိတစ်ယောက်ဖြစ်နေခဲ့ကာ mission တစ်ခုအတွက်တာဝန်ထမ်းဆောင်ရင်း ချစ်သူနဲ့ ခဏအဆက်အသွယ်ဖြတ်ခဲ့ရကြောင်း ပြန်သိရတယ်။ သူဌေးက ဒီလိုအန္တရာယ်များတဲ့အလုပ်နဲ့ လူမျိုးကို သမီးနဲ့သဘောမတူချင်ပေမဲ့လဲ ကိုယ်ဝန်ကြောင့် ငြင်းလို့မရတော့ဘူး။ ဒီလူက ရှောင်းကျန့်ကို အထင်လွဲမိတဲ့အတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ လက်ထပ်ပွဲ ပျက်သွားခဲ့ပေမဲ့ သူဌေးက သူ့ရဲ့ကတိကိုမဖျက်ခဲ့ပဲ အကြွေးတွေကို လျော်ပေးခဲ့တယ်။
ရှောင်းကျန့်နောက်ဆုံးနှစ် ပြန်တက်တဲ့အချိန်မှာတော့ ဝမ်ရိပေါ်က ကျောင်းမှာမရှိတော့ဘူး။ နိုင်ငံခြားကို အပြီးထွက်သွားတယ်လို့ ဖိန်းဖိန်းစီက သတင်းရတယ်။ ချစ်သူကို ဆုံးရှုံးလိုက်ရလို့ အနာမကျက်သေး ဖိန်းဖိန်းကပါ သူကျောင်းပြောင်းတော့မဲ့အကြောင်းပြောလာခဲ့တယ်။
"ငါနင်နဲ့ ကျောင်းပြီးတဲ့အထိ တက်ချင်တာ
ဒါပေမဲ့ ငါ့အဖေက အတင်းလွှတ်နေလို့ဟယ်
ငါ ဩဇီကိုသွားရတော့မယ် ၊ ငါတို့ အဆက်အသွယ်တော့ မဖြတ်ကြေးနော် "
![](https://img.wattpad.com/cover/297451132-288-k538478.jpg)
ESTÁS LEYENDO
I Hate How Much I Love You (Completed)
FanficStart Date - 7.1.2022 End Date - 20.2.2022 #yizhan