6

14.5K 1.3K 90
                                    

Unicode

နှစ်ယောက်သားလုံးထွေးရန်ဖြစ်နေရင်း လှေကားအောက်ရောက်တော့ အဆောင်မှူးနဲ့တန်းတိုးတယ်။

"ဘာဖြစ်နေကြတာလဲ ကျောင်းသားတွေ "

"ကျွန်တော် အွန့် !  အွင်းးး ...."

ရှောင်းကျန့်က ဘာမှ့တောင်မပြောရသေး ဝမ်ရိပေါ်က သူ့ရဲ့ ပါးစပ်ကိုလက်ဖဝါးကြီးနဲ့ဖိအုပ်ပြီး ပိတ်လိုက်တယ်။

"ဘာမှ့မဟုတ်ဘူး "

ဝမ်ရိပေါ်ရဲ့ ‌လေသံမှာ ငါကဒါလို့ပြောရင် ဒါကိုလက်ခံလိုက်ဆိုတဲ့ အမိန့်သံလိုအာဏာအရှိန်အဝါတမျိုး ကိန်းအောင်းနေတယ်။ အဆောင်မှူးက ဖုန်းထဲက လူတယောက်ရဲ့အသံကိုတောင်အမှတ်ပြန်ရသွားတယ် ။

"ငါ့သား ဒီအဆောင်မှာနေလို့ အဆင်မပြေဖြစ်ရတယ်ဆိုတဲ့အသံ ဘာမှ့မကြားချင်ဘူး။ တစ်ခုခုမှားတာနဲ့ မင်းတို့အဆောင်ကို မြေလှန်ပစ်မယ် "

ဒီအဖေနဲ့ ဒီသား ...DNA စစ်စရာမလိုအောင် လေသံက တပုံစံထဲရယ် ....

ကျောင်းအတွက် အစစအရာရာထောက်ပံ့ပေးနေတဲ့ Wang မျိုးရိုးက သခင်လေးကို သူ့လိုပါမွှားတယောက်က ဘာများစောဒကတက်ရဲမှာတဲ့လဲ။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို ပါးစပ်ပိတ်လို့ ဆွဲခေါ်သွားပြီဖြစ်တယ်။

"လွှတ် ! "

"မင်းပြောင်းရင် ငါတို့အားလုံးလဲ အဲ့ဒီအခန်းကိုလိုက်ပြောင်းလာမှာ ဘာမှ့မထူးဘူးရှောင်းကျန့် စောက်ရေးမပါတာတွေ မလုပ်စမ်းနဲ့ "

"ကြိုက်သလိုလုပ် ငါကတော့ ပြောင်းကိုပြောင်းမှာ ငါမင်းနဲ့မနေချင် ...အား "

နံရံမှာ ဖိကပ်လို့ တွန်းပစ်တာများ အရုပ်တရုပ်လိုပင်။

"ငါမင်းကို ကျောင်းသားရေးရာတိုင်မယ်
ငါ့ပစ္စည်းတွေ ခိုးတယ်လို့ပြောမယ် "

"ဝမ်ရိပေါ် !!! ငါမင်းရဲ့ ဘာပစ္စည်းကိုမှ့မခိုးခဲ့ဖူးဘူး "

"ငါရတဲ့ လက်ဆောင်တွေ မင်းမှတ်မိမှာပါ
မင်းယူထားတာ မနည်းဘူးလေ "

"မင်း ! ...မင်းပဲ မလိုချင်ဘူးဆို "

"ငါပြောမိလို့လား ငါအခုလိုချင်တယ်လေ
အရင်ကမလိုချင်ပေမဲ့ အခုလိုချင်သွားပြီ
ဘယ်လိုလုပ်မလဲ မင်းစားထားတာတွေ ပြန်အန်ပေးမှာလား "

I Hate How Much I Love You (Completed)Donde viven las historias. Descúbrelo ahora