Unicode
ဝမ်ရိပေါ်နိုးလာတော့ နေ့လယ်ထမင်းစားချိန်ပင်ကျော်နေပြီဖြစ်တယ်။ ဘေးဘီကိုကြည့်လိုက်တော့ ဟိုကောင်တွေလဲ တချို့မနိုးကြသေးဘူး။ သူ့အိပ်ရာအပေါ်ထပ်က ဟာလေးကတော့ မရှိတော့ဘူး။ ရှောင်းကျန့်ကိုတွေးမိတော့... ညကအဖြစ်အပျက်တွေကို ပြန်သတိရသွားပြီး လူတကိုယ်လုံးတောင့်တင်းသွားတယ်။
" ရိပေါ် မင်းနိုးပြီလား မင်းကွာ ....
မူးရင် တခါမှ့ ဒီလောက်သွေးမဆိုးဖူးပဲနဲ့
မင်းညတုန်းက ဘာလုပ်ခဲ့လဲ မှတ်မိလားဟေ့ရောင် "ရွယ်ယမ်ရဲ့စကားကြောင့် ဝမ်ရိပေါ်က ပိုပြီးမျက်နှာပျက်လာတယ်။
"ဘာ...ဘာလုပ်တာလဲ ငါမမှတ်မိဘူး
ငါအရမ်းမူးသွားတယ်ထင်တယ် "အားလုံးရဲ့ အကဲခတ်သလိုကြည့်နေတာကြီးကို ဆက်ပြီး မခံယူချင်တာကြောင့် ရေချိုးခန်းထဲဝင်လာခဲ့တယ်။
ငါ ညက ဘာတွေလုပ်မိတာလဲ ....ယောက်ကျားချင်းကြီးကိုလေ ...ပြီးတော့ ဒီ အခြောက်ကောင်ကိုမှ့ ....ဘုရားဘုရား ...ဒီလိုနဲ့ရှောင်းကျန့်က သူ့ကိုလိုက်ကပ်တွယ်ပြီး လာကြိုက်နေရင်ဘယ်လိုလုပ်မလဲ ။ တခါလေး mark ပေးလိုက်မိတာနဲ့ စွဲလမ်းသွားပြီး သူ့ကို မြူစွယ်ဖို့ ကြံစည်လာရင်ရော ....
"တောက် ! အရှက်မရှိတဲ့ကောင် ....မျက်နှာသာနည်းနည်းပေးလိုက်တာနဲ့ သူ့ကိုသဘောကျတယ်ထင်ပြီး စိတ်ကူးတွေယဉ်နေဦးမယ် "
နူးညံ့လွန်းတဲ့ အထိအတွေ့ကို ပြန်အမှတ်ရမိတော့ တကိုယ်လုံးဖျင်းခနဲကြက်သီးထ့သွားတယ်။
ဒီကောင်နဲ့ ဝေးဝေးနေမှ့ဖြစ်မယ် .......
ဝေးဝေးနေမယ်လို့တွေးခဲ့ပေမဲ့ သူ့ဘက်ကဘာမှ့တကူးတက့လုပ်နေစရာကိုမလိုအောင် ရှောင်းကျန့်ဘက်က ဝမ်ရိပေါ်ကို သိသိသာသာကို ရှောင်နေတော့တာ။ သူနိုးလာရင် ရှောင်းကျန့်က အဆောင်မှာမရှိတော့ဘူး။ အဆောင်ကိုလဲ ညအိပ်ချိန်ကျမှ့ပြန်လာတယ်။ ရောက်တာနဲ့ အပေါ်တက်အိပ်တာပဲ။
ဒီကောင်က ဘာအထာလဲ ....သူကများ ငါ့ကိုရှောင်ရတယ်ရှိသေး။ ဘယ်သူကနစ်နာတာလဲ။ သူ့လိုဘောင်မဝင်ကောင်က ဘာတွေမာနကြီးပြနေတာလဲ ။ ဒါကလဲ လူကိုဆွဲဆောင်တဲ့ နည်းတမျိုးလား။
![](https://img.wattpad.com/cover/297451132-288-k538478.jpg)
ВЫ ЧИТАЕТЕ
I Hate How Much I Love You (Completed)
ФанфикStart Date - 7.1.2022 End Date - 20.2.2022 #yizhan