Unicode
သူတို့နှစ်ယောက်က တစ်အိမ်ထဲ အနီးဆုံးမှာအတူ ရှိနေပေမဲ့ အဝေးကြီးဝေးနေကြသူတွေလိုမျိုး ၊ အနားမှာရှိနေပေမဲ့ ကမ္ဘာခြားနေသလိုမျိူး ၊ အစွန်းတစ်ဖက်စီမှာ ရောက်နေခဲ့တယ်။ ဝမ်ရိပေါ် ရှောင်းကျန့်စီက လိုချင်တာ ဝန်ခံစကား တစ်ခွန်းလေးသာဖြစ်ပြီး ရှောင်းကျန့်ကလဲ ဒါကို သိရက်နဲ့ ခေါင်းမာစွာ လိမ်ညာနေတုန်းပဲ။
တရက်ပြီးတရက်ကုန်သွားတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို အရင်လို အိမ်အလုပ်တွေ အနိုင်ကျင့်ခိုင်းတာမျိုး အော်ဟစ်ဆူပူတာမျိုး မရှိတော့ဘူး။ ဒါပေမဲ့ ဒါတွေနဲ့ ဆန့်ကျင်စွာပဲ သူ့ပုံစံက စိတ်ဓာတ်ကျနေသလိုမျိုး စိတ်ပျက်လက်ပျက်ကြီး ဖြစ်နေခဲ့တယ်။
အပန်းဖြေအိမ်ရာစီမံကိန်းအတွက် "××××နယ်" ဘက်မှာ မြေနေရာတွေဝယ်ယူဖို့ကိစ္စနဲ့ သူတို့နှစ်ယောက် ခရီးအတူထွက်ဖို့ အကြောင်းဖန်လာတယ်။ ပြိုင်ဖက် company ဘက်ကလဲ ဒီမြေကွက်တွေကို လုဝယ်နေတာမို့ ပိုင်ရှင်နဲ့ ကိုယ်တိုင်တွေ့ကြည့်ပြီး ဈေးစကားပြောရမှာဖြစ်တယ်။
ကားနဲ့ တစ်ရက် မောင်းသွားရတဲ့ခရီးဖြစ်ပြီး နှစ်ယောက်သား ဘာစကားမှ မပြောကြတာမို့ တလမ်းလုံး ကားထဲ တိတ်ဆိတ်နေတော့တယ်။ တရိပ်ရိပ်ပြေးနေတဲ့ လယ်ကွင်းတွေကို ငေးရင်း သူတို့အတူကျန်ရှိနိုင်ဦးမဲ့ ရက်၊လတွေကို ရှောင်းကျန့်က တိတ်တိတ်ရေတွက်တယ်။
"ရပ် ! ရှေ့မှာ ကားခဏရပ်ပေး "
"ဘာလဲ "
"ဟိုမှာ မတွေ့ဘူးလား သုံးဘီးပျက်လို့ထင်တယ် "
ဝမ်ရိပေါ်ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်ကို ကားလမ်းနဘေးတွေ့လိုက်ရတယ်။ အာလူးတွေ အပြည့်တင်ထားတဲ့ သုံးဘီးတစ်စီးနဲ့။ဝတ်ပုံစားပုံကြည့်ရတာ ခြံသမားတွေဖြစ်ဖို့များတယ်။ ဒီနားလမ်းက လူပြတ်တဲ့အပြင် ဖုန်းလိုင်းတွေကလဲ မကောင်းဘူး။
"ဝမ်ရိပေါ်...ကား ရပ်ပေးလို့ "
" တစိမ်းတွေကို ကားပေါ်တင်မခေါ်ချင်ဘူး
ရှေ့နားကျ လိုင်းမိရင် ဝပ်ရှော့ကိုဖုန်းဆက်ပြီးလွှတ်ပေးလိုက်မယ် "
YOU ARE READING
I Hate How Much I Love You (Completed)
FanfictionStart Date - 7.1.2022 End Date - 20.2.2022 #yizhan