26

11.4K 1.1K 40
                                    

Unicode

ရှောင်းကျန့်ရဲ့ လက်ကိုစစ်ဆေးလိုက်တော့ ဒဏ်ရာက ဖိန်းဖိန်းလောက်မနက်ဘူး။ လက်ညိုးနား ပါးပါးရှမိရုံလေးဖြစ်ပေမဲ့ ဝမ်ရိပေါ်က လက်ညိုးလေးကို နှုတ်ခမ်းထဲငုံထွေးလိုက်တယ်။ ဒဏ်ရာသေးသေးလေးကို အကျယ်ချဲ့ပြီး အရေးတယူလုပ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ဒီအတိုင်းလေး ငေးကြည့်နေတယ်။

"ခြေထောက် ကော်ဖီပူတွေစင်သွားသေးလား
ပြစမ်းပါ ... ဘောင်းဘီကို တင်လိုက်
ကျစ် ! လက်ဖယ်တော့ ငါ့ဘာသာပဲ
လုပ်ပေးတော့မယ် "

"....."

"တော်သေးတာပေါ့ ဘာမှမထိခိုက်လို့ "

"....."

ပြင်ပကဒဏ်ရာက ဘာမှမပြောပလောက်ပါဘူး။ ဒါပေမဲ့ ရင်ထဲက ဒဏ်ရာက လတ်တလော လတ်လတ်ဆတ်ဆတ် ....။

ဖိန်းဖိန်းက ဝမ်ရိပေါ်ကို အရင်ကတည်းက သဘောကျခဲ့ဖူးတယ်မလား။ အခု သူတို့တွဲနေကြပြီလား ? ။ သူ အချစ်ဆုံးလူနဲ့ အချစ်ဆုံး သူငယ်ချင်း .....။

ဘယ်လောက်ပဲ ရှောင်းကျန့်ရဲ့ နှလုံးသားက ဒဏ်ရာပေါ် ဒဏ်ရာဆင့်လို့ အသားမာတက်တဲ့အထိ အရေထူနေပါပြီဆိုဦးတော့။ ဒီ ရိုက်ချမှု့ကြီးကတော့ သူ့ကို တော်တော်လေး တုန်လှုပ်မိစေတယ်။

ဖိန်းဖိန်းလက်က ပန်းပွင့်ပုံ စိန်ဟန်းချိန်းလေးက ဝမ်ရိပေါ်ပေးတာများလား။ အဲ့ဒါဆိုရင် ဖိန်းဖိန်းပြောတဲ့ သဘောကျရတဲ့သူ ဆိုတာ ဝမ်ရိပေါ်ကိုပြောတာပေါ့။ ဝမ်ရိပေါ်ကို သူ ပွင့်ပွင့်လင်းလင်း မေးကြည့်သင့်လား .......

တကယ်တမ်းမှာတော့ ဘာစကားမှ မေးမထွက်ပဲ တံတွေးကိုသာ မျိုချလိုက်မိတယ်။ လည်ပင်းနားမှာ တစ်ဆို့ပြီး နာကျင်နေတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို မျက်နှာထားတင်းတင်းနဲ့ကြည့်တယ်။ လက်ညိုးလေးကို ပလတ်စတာလေး ကပ်ပေးလို့ပြီးသွားပြီ။

"ဘာဖြစ်နေတာလဲ "

".... "

"မင်းမျက်စဉ်းဘူးရော... ခတ်လိုက်ဦး "

ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေက သွေးကြောမျှင်တွေပါ ယှက်သန်းလာတဲ့အထိ နီရဲနေတယ်။ ရှောင်းကျန့်က မျက်လုံးအားနည်းတာ အရင်ကတည်းက ။ ဒါကြောင့် မျက်စဉ်းဆေးဘူး အမြဲဆောင်ရတယ်။ အရင်ကဆို ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပေါင်ပေါ်ပွေ့တင်ပြီး မျက်စဉ်းခတ်ပေးနေကျ။

I Hate How Much I Love You (Completed)Donde viven las historias. Descúbrelo ahora