Unicode
လှေကားထိပ်နားရောက်တာနဲ့ မြင်နေရတဲ့တိုက်ခန်းတံခါးက ပွင့်ရက်သား။
ညီမလေးကတော့လေ... တံခါးသေချာပိတ်ထားဖို့ ဆုံးမထားရက်နဲ့ နားမထောင်ပြန်ဘူး.....
အခန်းထဲဝင်လိုက်တော့ မသိဖူး မမြင်ဖူးတဲ့ လူစိမ်းတအုပ်ကိုတွေ့လိုက်ရတယ်။
"ခဗျားတို့က ဘယ်သူတွေလဲ "
"ကိုကို .."
"ကျန့်ကျန့် ! ငါ့တူလေး ပြန်လာပြီ...
သား ..ဦးလေးကိုကယ်ပါဦးကွာ ဒီလူတွေ ငါ့ကိုသတ်တော့မယ် "ငွေတွေယူကာ ထွက်သွားခဲ့တဲ့လူက အခုတော့ ဒဏ်ရာဗရပွနဲ့ ရှောင်းကျန့်ကို တောင်းပန်နေပြန်တယ်။
"ဒါ မင်းတူလား ဟေ့ကောင် "
"ဟုတ်... ဟုတ် ပါတယ် ...ယူထားတဲ့ငွေတွေအားလုံးကို ကျွန်တော့်တူလေးက ဆပ်ပေးမှာပါ။ ကျွန်တော့်ကို မသတ်ပါနဲ့နော်။ ကျန့်ကျန့် ...ဦးလေးကို ကယ်ပါဦး
ဒီတစ်ခါ နောက်ဆုံးပါပဲသားရယ် "ရှောင်းကျန့်က သူ့ကိုယ်ကို လှုပ်ခါနေတဲ့ ဦးလေးကိုတလှည့် လူမိုက်အဖွဲ့ကိုတလှည့်ကြည့်ပြီး သက်ပြင်းချမိတယ်။ ဒေါ်လေးရဲ့ မျက်နှာ ၊ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေသာ မရှိခဲ့ရင် သူဒီလူကို စိတ်ပျက် စိတ်ကုန်လှပြီ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ။ ဆွေမျိုးအရင်းအချာတွေပဲမလား။
"ငွေက ဘယ်လောက်လဲ ကျွန်တော်တတ်နိုင်ရင် နည်းနည်းချင်းဖဲ့ဆပ်ပါ့မယ် "
"ဖဲ့ဆပ်မယ် ? ကောင်လေး မင်းနောက်နေတာလား ၊ မင်းဦးလေး ငါတို့စီက အမျိုးမျိုးလိမ်ပြီးငွေတွေယူထားတာ ယွမ် ၁၀သန်းတောင်ကွ ၊ အတိုးလဲမပေး အရင်းလဲမရပဲ ထွက်ပြေးနေတာ ဘယ်လောက်ကြာပြီလဲ ၊ ငါ့သူဌေးက အရမ်းစိတ်ဆိုးနေပြီ ။ အခုချက်ချင်း ငွေတွေအားလုံးပြန်လိုချင်တယ်"
"ဒီလောက်ငွေအများကြီး ကျွန်တော့်မှာ ဘယ်လိုရှိမှာလဲ ။ ဘယ်သူက ယုံစားပြီး ဒီလောက်များတဲ့ငွေ ချေးရဲတာလဲ ။ ကျွန်တော့်မှာမရှိဘူး "
တောက် !
ဒုန်း ~~~ဝုန်း
"ခင်ဗျားတို့ အိမ်ကိုမဖျက်စီးကြနဲ့နော်
ကျွန်တော် ရဲတိုင်လိုက်မယ် "
VOCÊ ESTÁ LENDO
I Hate How Much I Love You (Completed)
FanficStart Date - 7.1.2022 End Date - 20.2.2022 #yizhan